မြောက်ဒဂုံ-ဆူးလေ ဘီအမ် ကားမှောက်၊ ၁၀ ဦး ဒဏ်ရာရ

Thursday, May 9, 2013

မြောက်ဒဂုံ မှ ဆူးလေသို့ ပြေးဆွဲနေသော အရှေ့ပိုင်းခရိုင် ၂၅၅ ယာဉ်လိုင်းမှ ခရီးသည်တင် ဘီအမ်ကား တစီး ယနေ့ မွန်းလွဲပိုင်းက အလံပြဘုရားလမ်းမပေါ်တွင် တိမ်းမှောက်ပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။ 

(ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ)

ခရီးသည်တင်ကားအချင်းချင်း အပြိုင်အဆိုင်လုမောင်းရာမှ တိမ်းမှောက်တာဖြစ်တယ်လို့လည်း သိရပြီး ကားပေါ်တွင် ခရီးသည် ၂၀ ဦးကျော် လိုက်ပါလာရာ ၁၀ ဦးဒဏ်ရာရသွားပါတယ်တဲ့။ 

ဒဏ်ရာရရှိသူတွေထဲမှာ ၃ ဦးက ဒဏ်ရာ ပြင်းထန်ပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။ 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved