မန္တလေးမြို့မှာ တကိုယ်တော် ဆန္ဒပြခဲ့စဉ်က ကိုထင်ကျော်၊ ဓာတ်ပုံ- ဧရာဝတီ
"ပြည်သူတွေ ကျော တနေရာစာအတွက် ဒီမိုကရေစီ သမ္မတကြီး အကာအကွယ်ပေးပါ" လို့ ကုန်ဈေးနှုန်း ကျဆင်းရေး အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောရင်း ဒီကနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့၊ မြို့တော်ခန်းမ အနီးမှာ တကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
သူက ဆက်ပြီး ၀န်ထမ်းတွေကို စစ်ဗိုလ်ချုပ်တွေ၊ ၀န်ကြီးတွေ ဆိုတဲ့ အထက်က အနိုင်မကျင့်အောင် ဒီမိုကရေစီ သမ္မတကြီး အကာ အကွယ်ပေးပါ၊ စစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့ အိမ်၊ ခြံ၊ မြေတွေဟာ မြန်မာနိုင်ငံ အနှံ့မှာ ရှိနေပေမယ့် ကျူးကျော်ဆိုတဲ့ လူဆင်းရဲတွေအတွက် ကျော တနေရာ အခက်အခဲဖြစ်နေတာကို မခံရပ်နိုင်လို့ ဆန္ဒပြခဲ့ပါတယ်။
ဒီလို ကြွေးကြော်သံတချို့ကို ပြောရင်း တကိုယ်တော် ဆန္ဒပြမှု လုပ်နေစဉ် ပဲ ကျောက်တံတား ရဲစခန်း က မေးမြန်းစရာ ရှိလို့ ဆိုပြီး ခေါ်သွားခံရတာပါ။ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ မေးမြန်းပြီး ရင် ပြန်လွှတ်ပေးမှာလို့ ပြောပါတယ်။
အခုထိတော့ ဘယ်လို အခြေအနေရှိမယ်ဆိုတာ သေချာ မသိရသေးပါဘူး။
မကြာမီကလည်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ပန်းတနော် တရားရုံးက အကြည်ညို ပျက်စေမှုနဲ့ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ် ၃ လ ချမှတ်ခံထားရပြီးပါတယ်။
ဦးနေမျိုးဇင်ဟာ ယမန်နှစ်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့ပေမယ့် ထောင်ကြွေးကျန် ၆ နှစ်ကို ပြည်ထဲရေး ၀န်ကြီးအမိန့်နဲ့လည်း ထပ်တိုး ကျခံနေရပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment