ကူးယူဖော်ပြခြင်း နဲ့ ဧရာဝတီရဲ့ သဘောထား

Thursday, May 2, 2013

 ဧရာဝတီသတင်းဌာနရဲ့ အင်တာနက်စာမျက်နှာမှာရှိတဲ့ သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ဓာတ်ပုံတွေကို ရန်ကုန်အခြေစိုက် ဂျာနယ်၊ သတင်းစာ တချို့မှာ ကူးယူဖော်ပြနေကြပါတယ်။

ဒီလိုဖော်ပြတာတဲ့အခါ ကြိုတင် ခွင့်ပြုချက်ယူပြီး အသုံးပြုတာကို အနည်းအကျဉ်းပဲ တွေ့ရမှာပါ၊ အများစုကတော့ ခွင့်ပြုချက်မတောင်းဘဲ၊ အသိမပေးဘဲ ပုံနှိပ် ဖော်ပြနေကြပါတယ်။

ဧရာဝတီက တုံ့ပြန်နိုင်တဲ့နည်းလမ်း နှစ်ခုကတော့ ဥပဒေကြောင်းအရ ဖြေရှင်းခြင်း၊ ကန့်ကွက်ပြောဆိုခြင်းတို့ပဲ ဖြစ်ပါတယ်။

 ခွင့်ပြုချက်မဲ့ ကူးယူအသုံးပြုတာတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့က လက်ရှိ ဥပဒေများမှာ အားနည်းချက်တွေ ရှိနေပါတယ်။

မဝေးတော့တဲ့အနာဂတ်မှာ မူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်။

အခုတော့ မူပိုင်ခွင့် ချိုးဖောက်ခံရသူတွေကို ဥပဒေက မျက်နှာသာမပေးသေးပါဘူး။

ခွင့်မတောင်းဘဲ ကူးယူဖော်ပြတာတွေဟာ ကျင့်ဝတ်နဲ့ မညီတဲ့ စာနယ်ဇင်းသမားတွေရဲ့ လုပ်ရပ်ပါ။ စာနယ်ဇင်းသမားအချင်းချင်း မလေးမစား ပြုမူတာပဲ ဖြစ်ပါတယ်။

ဧရာဝတီမှာ ဖော်ပြတဲ့ သတင်း၊ ဆောင်းပါး၊ အင်တာဗျူး၊ ဓာတ်ပုံတွေအတွက် ဧရာဝတီသတင်းထောက်များက အချိန်၊ အားစိုက်ထုတ်မှု အများအပြား ရင်းနှီးပြီး ကြိုးစားထားခဲ့တာပါ။

ခွင့်မတောင်းဘဲ ကူးယူ ဖော်ပြတာတွေဟာ သတင်းထောက်များရဲ့ ကြိုးပမ်းချက်တွေကို အညွန့်ခူးစားတာပဲဖြစ်ပါတယ်။

စာနယ်ဇင်း လောက ပွင့်လင်းလာချိန်၊ နေ့စဉ်သတင်းစာတွေ ထွက်လာချိန်မှာ အချိန်ယူပြီး ဆောင်ရွက်ရတဲ့လုပ်ငန်းအဝဝ ပိုမို များပြားလာတာကြောင့် တခြားမီဒီယာမှာ ဖော်ပြထားတာတွေထဲက ကူးယူ သုံးစွဲမှု ပိုများလာကြပါတယ်။

ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတာတွေကို သင့်လျော်တဲ့ နှုန်းထား ပေးချေပြီး ကူးယူ သုံးစွဲနိုင်အောင် လုပ်နေပါပြီ။

မကြာခင် ဧရာဝတီက သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး၊ အင်တာဗျူးများကို ဘယ်လို ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မလဲဆိုတာ အများ သိရှိနိုင်အောင် တရားဝင် ထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။



.

1 comments :

  1. မြနှ်မာ့တ၇ားစီ၇င်မှုတွေသည်တ၇ားမျှတမူမရှိသေးကြောင်းကိုနေမျိုးဇင်က ပြသနိင်ဖို့ကိုယ်ကျိုးစွန့်လုပ်ဆောင်မူများကိုအထူးပင်လေးစားမိပါသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved