ဒေါ်လာမှာ အစွန်းအထင်းရှိရင် ...

Monday, May 13, 2013


ဒေါ်လာမှာ အစွန်းအထင်းရှိရင် ငွေလဲဌာနက ခေါင်းခါလွှတ်ပါလိမ့်မယ်။
အဲ .... အစွန်းအထင်း၊ ခေါက်ရာ မကြိုက်ကြတဲ့အတွက် အလုပ်မဖြစ်တော့ဘူးလို့ မထင်ပါနဲ့ ...
ပေါက်ဈေးထက် နည်းနည်း လျှော့ပြီး လဲပေးမှာပါ။

တနေ့က ငွေလဲဌာနတခုကို ရောက်တော့ ဒေါ်လာပေါက်ဈေး  ၉ဝ၅ ကျပ် လို့ ဆိုတယ်။

ယူသွားတဲ့ဒေါ်လာက စင်းလုံးချော မဟုတ်တော့ ၉ဝဝ ဈေးနဲ့ လဲပေးပါမယ် တဲ့။

စဉ်းစားမိတာတခုက ... ဒေါ်လာစက္ကူ စုတ်ပြဲ၊ ခေါက်ရာရှိ၊ မဆိုစလောက် အစွန်းအထင်းပါရင်လည်း ဈေးကွက်ထဲမှာ လက်ခံနေပြီ ဆိုတာပါပဲ။

ထိုင်းနိုင်ငံက ဘဏ်တွေမှာတော့ $ ၁, ၅, ၁ဝ, ၂ဝ တွေက  ၁ဝဝ တန်နဲ့ ဈေးမတူဘူး၊ ဘယ်ဈေးပေါက်ကြတယ် ဆိုတာကို ကြော်ငြာဘုတ်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြပါတယ်။

မြန်မာပြည်မှာလည်း အဲဒီလို ရှင်းရှင်းလင်းလင်း ကြော်ငြာကြမယ်၊ ပြီးတော့ စင်းလုံးချောဒေါ်လာ နဲ့ စွန်းထင်း/ခေါက်ရာရှိဒေါ်လာ ဘယ်ဈေးပေါက်ကြတယ် ဆိုတာကိုလည်း ခပ်ရှင်းရှင်း ကြေညာ အသိပေးလာကြရင် သင့်တော်ပါလိမ့်မယ်။
ရောင်းသူ ၀ယ်သူ စကားအများကြီးပြောစရာ မလိုတဲ့အတွက် အချိန်ကုန် သက်သာမှာ သေချာပါတယ်။

ငွေလဲဌာနတွေဟာ သပ်သပ်ယပ်ယပ် သိပ်မရှိတဲ့ ဒေါ်လာကို အောက်ဈေးနဲ့ ၀ယ်နေကြပေမယ့် သူတို့ ပြန်ရောင်းရာမှာတော့ ပေါက်ဈေး ရကြမယ် ထင်ပါရဲ့။

အပေါ်ဆုံးမှာ တင်ထားတဲ့ပုံကတော့ Ayeyarwady Bank ရဲ့ ဒီကနေ့ ငွေလဲဈေးနှုန်း ဖြစ်ပါတယ်။

ဆက်စပ် ဖတ်ရှုရန် -
ဗဟိုဘဏ်၊ စင်္ကာပူဘဏ် နဲ့ လှတပတ ဒေါ်လှ




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved