မြန်မာ့လယ်သမားဘ၀ မြှင့်တင်ရေး အမေရိကန် ကူညီဖို့ ဦးရွှေမန်း ပြော

Tuesday, May 7, 2013

မြန်မာ့လယ်သမားဘ၀မြှင့်တင်ရေး၊ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အဆင့်မြင့်စေဖို့ USAID အနေနဲ့လည်း အားဖြည့်ကူညီပေးဖို့  ပြည်သူ့လွှတ်တော်သူရ ဦးရွှေမန်းက တိုက်တွန်းပြောဆိုပါတယ်။


ရန်ကုန်ရှိ ပြည်သူ့လွှတ်တော် ရုံးခွဲ ( ရန်ကုန်) မှာ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပတဲ့ လယ်ယာ စိုက်ပျိုးရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ အဲဒီလို ဦးရွှေမန်းက ပြောသွားခဲ့တာပါ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာ့လယ်သမားဘ၀ မြှင့်တင်ရေး ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေသစ်ကို ရက်ပိုင်း အတွင်း ပြီးစီးတော့မှာ ဖြစ်တယ်လို့လည်း ဥက္ကဌ ဦးရွှေမန်း က ပြောပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲကိုတော့ အမေရိကန် အစိုးရရဲ့ ထောက်ပံ့ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ USAID က ဦး ဆောင် ကျင်းပတာဖြစ်ပြီး NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်အပါအ၀င် USAID က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲကြတယ်လို့ ယနေ့ ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။  

မြန်မာနိုင်ငံဟာ လယ်သမားအများစု ရှိတဲ့ လယ်သမား နိုင်ငံလည်းဖြစ်လေတော့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ အမေရိကန် အကူအညီ အမှန်တကယ် ရမယ်ဆိုရင်တော့ မြန်မာ့ လယ်သမားဘ၀ မျှော်လင့်ချက် က တကယ့်ကို မြေကြီးက ရွှေသီးတဲ့ အခြေစိုက်မှာဖြစ်ပါတယ်။ 

အိမ့်သံစဉ် ~

2 comments :

  1. Anonymous said... :

    မြန်မာ့လယ်သမားဘ၀ မြှင့်တင်ရေး ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေသစ်ကို ရက်ပိုင်း အတွင်း ပြီးစီးတော့မှာ ဖြစ်တယ်လို့လည်း ဥက္ကဌ ဦးရွှေမန်း က ပြောပါတယ်။ဘာတွေဘယ်လိုေ၇းဆွဲထားတာလဲ....ခမည်း ခမက်..ခင်ေ၇ွှဘ၀ မြှင့်တင်ရေး အတွက်ရည်ရွယ်ရေးဆွဲထားတဲ့ ဥပဒေလား

  1. ကျော်ဆန်းမင်း said... :

    ကြည့်လဲ ပြောပါ ဗျာ။ အပြောကတော့ ရွှေမန်းပါဘဲ။ ခင်ဗျားတင်မက ခင်ဗျားသားတွေ၊ ခမည်းခမက်တွေ အကုန်လုံး စားမကုန် အောင်ချမ်းသာ အောင်လုပ်နေရတာနဲ. လယ်သမား တွေအတွက် အာ ဘဲ စိုက်နိုင်တာပေါ့။
    ဦးသိန်းစိန်က ပြောရင် နည်းနည်းတော့ နားထောင်ဦးမယ်။ ခင်ဗျားလို စားဖားကြီးက ပြောတာက အူနှိပ်ပြီးဘဲ ရီချင်တော့တယ်။
    ဇာတ်ဆရာရွှေမန်း ရေ၊ က သာ ကဗျာ။ ခင်ဗျားကိုတော့ ကျွန်တော်တို.က မယုံ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved