ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပြစ်ဒဏ် အမိန့်ချပြီ

Thursday, May 2, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို ယနေ့ နေ့လယ်ပိုင်းက ပန်းတနော် မြို့နယ် တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားမှုအပေါ် ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 

 ဦးနေမျိုးဇင်ကို အမိန့်ချတဲ့ တရားခွင်


"ဒဏ်ငွေ ၂ သောင်းတော့ မဆောင်ပါ၊ ထောင် ၃ လ ကျခံဖို့ဘဲ ရွေးချယ်လိုက်ပါတယ်" လို့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က ဧရာဝတီကို ပြောပါတယ်။ 



အခုလို ဦးနေမျိုးဇင်က ထောင်ဒဏ်ကိုသာ ရွေးချယ်လိုက်ပေမယ့် အပြီးသတ် ဘယ်လို အမိန့်ချမလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တရားသူကြီးတွေက ရုံးခန်းထဲ ခတ္တ ပြန်ဝင်သွားတဲ့အတွက် မသိရသေးပါဘူး။ 

မကြာသေးမီက ပန်းတနော်မြို့နယ်က လယ်သမားတွေကို သွားရောက်ကူညီရင်း ဒေသခံ ရဲတပ်ဖွဲ့ က အကြည်ညိုပျက်စေမှု ဆိုတဲ့ ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုထားတာကနေ ဒီကနေ့ အမိန့်ချမှတ်လိုက်တာဖြစ် ပါတယ်။ 


 

1 comments :

  1. Anonymous said... :

    ထောင်ကိုကျချင်နေတော့လဲ ပေးဝင်လိုက်ပေါ့ကွာ။ သူကိုက မဟုတ်တာ။ ရဲတွေနဲ့ဖြစ်တုံးက သူကကို မခန့်လေးစား၊ မောက်မောက်မာမာနဲ့ ရဲအရာရှိကိုဟောက်နေတာ။ ဒီလောက်ဖြစ်မှတော့ ဘယ်သူကခံချင်မှာတုံး။ သူကကို ရဲတွေကဒီလိုပါဆိုပြီး ရဲတွေ ဒေါသထွက်အောင် တမင် ဆွပေးနေ တာ။ ပြီးတော့ ဗွီဒီယိုရိုက်ပြီး ဖေ့ဘွတ်မှာတင်ချင်တာလေ။ သူ့ရဲ့ စစ်ဗိုလ်ဟောင်းဇာတိက မပျောက်တော့ ရဲ ဆို သူ့ကြောက်ရမယ်၊ မင်းတို့ကဘာကောင်တွေမို့လဲ စတိုင်နဲ့သွားဆက်ဆံနေတာ။ သူ့ Video Clip ကြည့်မှ သူ့ကို အထင်သေးသွားတယ်။ ကိုယ်သာ အဲဒီကရဲဆိုရင် သေနတ်နဲ့ ပစ်သတ်မိမလားပဲ။ ဘာပဲဖြစ်ဖြစ် လူလူချင်းလေးစားမှုဆိုတာ ရှိရမယ်။ ကိုယ်ကအလေးစားခံချင်ရင် သူများကိုလည်းလေးစားတတ်ရမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved