ရန်ကုန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၊ အနုပညာပြပွဲ

Tuesday, June 4, 2013

 မနက်ဖြန် ဇွန် ၅ ရက်နေ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့။

မနက်ဖြန်မှာ ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာနက အနုပညာပြပွဲတခု လက်ခံ ကျင်းပပါလိမ့်မယ်။ 

အစိမ်းရောင် အနာဂတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အနုပညာပြပွဲ လို့ အမည်ပေးထားတာပါ။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသူတွေ ကန့်ကွက်ကြတဲ့ ကြေးနီတူးဖော်ရေး စီမံကိန်း၊ လက်ပံတောင်းဒေသ၊ မုံရွာမြို့အနီး (ဓာတ်ပုံ - ဂျေပိုင်/ဧရာဝတီ)

အမှတ် ၃၄ဝ၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့  ပြင်သစ် ယဉ်ကျေးမှုဌာနမှာ အခမဲ့ သွားရောက် လေ့လာ အားပေးနိုင်ပါတယ်။

မနက် ၁ဝးဝဝ - ၁၂း၃ဝ - ဂီတမိတ်ကျောင်းမှ အနုပညာရှင်များရဲ့ တင်ဆက်မှု၊ ဖွင့်ပွဲအခမ်းအနား၊
သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးအုန်းရဲ့ ပြောစကားတချို့

နေ့ ၁းဝဝ - ၃းဝဝ - ဆွေဇင်ထိုက်၊ မြင့်မောင်ကျော်၊ ခင်သန်းဖြူ တို့ရဲ့ စာတမ်းဖတ်ပွဲ

နေ့ ၃း၃ဝ မှ ၆း၃ဝ - ကဗျာဆရာများရဲ့ ကဗျာရွတ်ဖတ်မှု

ပန်းချီ၊ ဓာတ်ပုံများကိုလည်း တနေကုန် ခင်းကျင်းပြသထားမယ်လို့ သိရပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved