တစ္တေနဲ့ အတူနေတဲ့ အချစ်ဇာတ်လမ်း

Tuesday, June 4, 2013

ထိုင်းနိုင်ငံက ဒဏ္ဍာရီအပေါ် အခြေပြု ရိုက်ကူးထားတဲ့ တမလွန်က ဇနီးသည် Nak နဲ့ ပေါင်းသင်းနေ ထိုင်နေတဲ့ Mak ဆိုသူတို့ရဲ့ ဇာတ်လမ်းရုပ်ရှင်ပါ။ ဒီရုပ်ရှင်ကားဟာ ထိုင်းနိုင်ငံမှာလည်း အကြိမ်ကြိမ် ပြန်လည် ရိုက်ကူးခဲ့ပြီး ထိုင်းတွေရဲ့ ယခုထိ ယုံကြည်နေတဲ့ ဒဏ္ဍာရီ တခုလည်းဖြစ်ပါတယ်။

 ဓာတ်ပုံ- www.thaiworldview.com

ထိုင်းဘုရင် မောင်းဂွတ် လက်ထက်က ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်လည်း ဖြစ်တယ်လို့ ထိုင်းလူမျိုးတွေက ယုံကြည်ပြီး ယနေ့ထက်တိုင် အဲဒီ Nak နဲ့ သူ့သားကို နတ်အနေနဲ့ ပူဇော်ကိုးကွယ်နေကြသူတွေ ရှိပါတယ်။

ကိုယ်ဝန်ဆောင် ဇနီးသည် Nak က ခင်ပွန်းအပေါ် ချစ်စိတ်ကြီးလွန်းတာကြောင့် မီးဖွားရင်း သေလွန်သွားခဲ့
ပေမယ့် ခင်ပွန်းသည် ပြန်ရောက်လာတဲ့ အခါ တစ္ဆေဘ၀နဲ့ပေါင်းသင်းနေထိုင်ခဲ့တယ်။ 

ဒီဇာတ်လမ်းမှာ ပတ်ဝန်းကျင်က ပြောဆိုမှုတွေကို ငြင်းပယ်ခဲ့သူ ခင်ပွန်းသည် Mak ။ 

အဲဒီ ဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းမှာတော့ ဇနီးသည်ဟာ တစ္ဆေဖြစ်နေတယ်ဆိုတဲ့ အခြေအနေမှန်ကို သိသွားပြီး၊ ဇနီးသည်သတ်လို့ ရွာခံတွေ သေရဖန်များလို့ ဆရာတော်တပါးက လာရောက်ခေါ်ယူသွားရင်း ဘ၀ မတူသူ အကြင် ဇနီးမောင်နှံတို့ ခွဲခွာသွားခဲ့ကြပါတယ်။ 

နောက်ပိုင်းမှာတော့ ခင်ပွန်းသည် Mak ကလည်း ရဟန်းဘ၀ကို ခံယူသွားခဲ့တဲ့ ဇာတ်လမ်းပါ။  ခံစားကြည့်နိုင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။


  

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved