ခရီးစဉ် (W9-129 ) ရန်ကုန်-ဟဲဟိုး-ညောင်ဦး-ရန်ကုန် ကွင်းပတ် အဲပုဂံ လေယာဉ်ဟာ မနေ့က ညနေ ၄ နာရီ ခွဲမှာ ညောင်ဦးလေဆိပ်ကို ဆိုက်ရောက်ပြီး ညောင်ဦးမှ ရန်ကုန်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသည် ၄၁ ဦးတင်ဆောင်ပြီး ညနေ ၅ နာရီမှာ ပြန်လည် ထွက်ခွာခဲ့ပြီး ၁၀ မိနစ်အကြာ စက်ချွတ်ယွင်းခဲ့တာလို့ ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
အဲပုဂံရဲ့ ခရီးသည်တွေကို ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်တစီးနဲ့လွှဲပြောင်း ပို့ဆောင်ခဲ့ပြီး
လေယာဉ်ကိုတော့ မန္တလေးနဲ့ ရန်ကုန်က အင်ဂျင်နီယာတွေနဲ့ ပြင်ဆင်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ပြီးဆီးသွားတယ်လို့ ဆိုထားပါတယ်။
ယမန်နှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံက်ပိုင်းကလည်း ဟဲဟိုးလေဆိပ်မရောက်မီ ၂ မိုင်အလိုခန့် အရေးပေါ် ဆင်းသက်မှုကြောင့် လေယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည် တဦးသေဆုံးခဲ့ကာ ဒေသခံ ဆိုင်ကယ် စီးလာသူအား လေယာဉ် အစိပ်အပိုင်းနှင့် တိုက်မိ၍ နောက်ထပ် တဦး သေဆုံးခဲ့ပါသေးတယ်။
အဲပုဂံလေကြောင်းလိုင်းကို နာမည်ကြီး သူဋ္ဌေးကြီး ဦးတေဇ ပိုင်ဆိုင်တယ်လို့ လူသိများပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment