နေပြည်တော် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောနေတဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ သမ္မတရုံးဝက်ဆိုက်
အခု ဒုတိယမြောက် ဥရောပခရီးစဉ်ဟာ နိုင်ငံ ၄ နိုင်ငံထိ သွားမှာဖြစ်တယ်လို့ အမည် မဖော်လိုသူ အစိုးရ အရာရှိတဦးက ယနေ့ ပြောတာကို အေအက်ဖ်ပီ သတင်းတပုဒ်က ဖော်ပြထားပါတယ်။
“ကျနော်တို့ သမ္မတကြီးက ဇူလိုင်လလယ်ပိုင်းမှာ ၃ ၊ ၄ နိုင်ငံကို ခရီး ထွက်ဖို့ ရှိပါတယ်။ ဗြိတိန်နဲ့ ပြင်သစ်ကို သွားဖို့က တော့ သေချာတယ်” လို့ အဆိုပါ အရာရှိက ပြောထားပါတယ်။
ဒါပေမယ့် ခရီးစဉ် အသေးစိပ်ကိုတော့ အစိုးရက တရားဝင် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
၂၀၁၁ ခုနှစ်မှာ သမ္မတ တာဝန်ယူ စတင်ယူခဲ့တဲ့ ဦးသိန်းစိန်ဟာ လွန်ခဲ့တဲ့ မတ်လတုန်းက ဥရောပ နိုင်ငံ တချို့ ကို သွား ရောက်ခဲ့ပေမယ့် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေ မပါဝင်ခဲ့ပါဘူး။
အခုလို သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်မှု ရှိလာခဲ့တာဟာ ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်လာခဲ့လို့ဖြစ်ပြီး သူ့အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးမှာ အားလုံး ပါဝင်
ရေးဆိုတဲ့ လမ်းစဉ်ကိုချမှတ်ခဲ့ပါတယ်။
အဲဒီလမ်းစဉ်အရ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ ဒီအပြင် NLD ပါတီကို ပြန်လည် မှတ် ပုံတင်ခွင့်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးတာ၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD ပါတီဝင်တွေဟာ လွှတ်တော် အမတ်တွေအဖြစ်နဲ့ ပါလီမန်မှာ ပါဝင်ခွင့်ရလာတာတွေအတွက် နိုင်ငံတကာက ပါ စစ်ဗိုလ်ချုပ်တဖြစ်လဲ ဦးသိန်းစိန်ကို ပြုပြင်
ပြောင်းလဲရေးရဲ့ အိုင်ကွန်တခုလို့ ခေါ်ဝေါ်သမုတ်လာခဲ့ပါတယ်။
ဥရောပ သမဂ္ဂအပါအ၀င် အမေရိကန်နဲ့ နိုင်ငံတကာကလည်း တချိန်က စစ်အုပ်ချုပ်ရေးကာလတလျှောက် အဓမ္မ အလုပ်ခိုင်းစေမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ ဒဏ်ခတ်အရေုးယူထား တာတွေကို ဒီလို ပြုပြင်ပြောင်းလဲမှုတွေရဲ့ ရလာဒ်အဖြစ် ပလပ်ဖြေလျှော့မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုအပါအ၀င် ပြုပြင်ပြောင်းလဲမှုဟာ အောက်ခြေထိ သက်ရောက်မှု မရှိသေးပေ မယ့် အခုနောက်ဆုံးမှာ ဥရောပ သမဂ္ဂအနေနဲ့ လက်နက်ဆိုင်ရာ တင်ပို့ရောင်းဝယ်မှု ကန့်သတ်ချက် က လွဲပြီး ကျန်တဲ့ စီး ပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားခဲ့ပါတယ်။
ဒီအပြင် မကြာသေးခင်ကပဲ ဥရောပ သမဂ္ဂက မြန်မာကို အထူး ကုန်သွယ်မှု ဆိုင်ရာ အခွင့်အရေးတွေ
ပေးခဲ့ပါသေးတယ်။
လင်းသန့် ~
သွားပြန်ပြီလား....မသွားခင်..နိုင်ငံေ၇းအကျဉ်းသား (၁)ယောက်နဲ့၇ာဇ၀တ်မှုနဲ့ကျဉ်းသား(၃၀)လောက်ကိုလွှတ်ပေးဘို့..မမေ့နဲ့အုံး။