မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး E.U သံအမတ်ကြီးကို ရွေးချယ်

Monday, June 3, 2013

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရဲ့ ပထမဆုံး သံတမန် ခန့်အပ်ရေးအတွက် ဘယ်လ်ဂျီယံ နိုင်ငံသား သံတမန်ရေး ကျွမ်းကျင်သူ တဦးဖြစ်သူ မစ္စတာ ရိုလန် ကိုဘီယားကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ 


ဥရောပ သမဂ္ဂကော်မရှင် အကြီးအကဲတဦးဖြစ်သူ မစ္စ ကက်သရင်း အက်ရှ်တန်က မစ္စတာ ရိုလန် ကိုဘီ ယားကို ရွေးချယ်လိုက်တဲ့အကြောင်း ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်န၀ါရီလက ရန်ကုန်မှာ ရုံးခန်းဖွင့်ဖို့ ဥရောပ သမဂ္ဂက ဆုံးဖြတ်ခဲ့ပြီးဖြစ်သလို အဲဒီရုံးကိုလည်း သံတမန် အတွေ့အကြုံ ရင့်ကျက်သူ၊ ဥပဒေ ပညာရှင်တဦးလည်းဖြစ်တဲ့ မစ္စတာ ရိုလန်ဟာ စတင် ဦး
ဆောင် လည်ပတ်ရတော့မှာပါ။ 

အခုလို ဥရောပ သမဂ္ဂဘက်က မြန်မာနိုင်ငံဆိုင်ရာ သံတမန်ထားရှိလာခြင်းဟာ ပထမဆုံးခြေလှမ်း တခု 
ဖြစ်သလို မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဥရောပ သမဂ္ဂက အသိအမှတ်ပြု လက်ခံ လာတာကြောင့် ဖြစ်ပြီး မြန်မာနဲ့ ဥရောပ သမဂ္ဂတို့ကြား ပိုမိုရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတွေ ဖြစ်လာ မယ်လို့ ၂ ဖက်လုံးက မျှော်လင့်ထားကြတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။ 


အိမ့်သံစဉ်~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved