ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ခြိမ်းခြောက်သည့် ဗီဒီယို ပေါ်ထွက်

Monday, July 29, 2013

ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်ကို သတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်ထားတဲ့ ဗီဒီယို ဖိုင်တခု ယူကျုပေါ်မှာ ပေါ်ထွက်လာပါတယ်။ 


အစ္စလမ်အစွန်းရောက် အကြမ်းဖက်အုပ်စု အယ်လ်ကေဒါများ လုပ်သည့် ဟန်ပန်အတိုင်း လူ ၃ ဦးက ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီး လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်က ထိုင်း နိုင်ငံ တောင် ပိုင်းရှိ မွတ်ဆလင်များ သတ်ဖြတ်ခံခဲ့ရမှုအတွက် လက်စားချေမယ်လို့ ပြောဆိုထား ပါတယ်။ 

ထိုကဲ့သို့ ပြောဆိုထားတဲ့ ဗီဒီယို ဖိုင်ဟာ Youtube မှာ ဇူလိုင်လ ၂၇ ရက်နေ့က ပေါ်ထွက်လာတာဖြစ်ပြီး ထိုင်းနိုင်ငံ အမျိုးသား လုံခြုံရေး ကောင်စီ တာဝန်ရှိသူက ဗီဒီယိုထဲက လူတွေရဲ့ အပြောကို လေ့လာ ကြည့်တဲ့ အခါ အယ်လ်ကိုင်ဒါ တွေ မဖြစ်နိုင်ကြောင်း၊ သက်ဆင်အနေနဲ့ မွတ်ဆလင်မိတ်ဆွေများစွာ ရှိပြီး မွတ်စလင်တွေအပေါ်လည်း စိတ် ကောင်း ရှိသူဖြစ်လို့ အန္တရာယ်ရှိမည်ဟု မထင်ကြောင်းထိုင်းသတင်းတွေ 
မှာ ရေးထားပါတယ်။

  


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved