
တောင်ပြုံးပွဲတော် ကျင်းပရေးကော်မတီရဲ့ ကြော်ငြာပါ။
လုပ်ငန်းကြီး ၉ ခုကို ဈေးပြိုင်လေလံစနစ်နဲ့ လုပ်ကိုင်ခွင့်ပြုမယ် ဆိုပြီး ကြော်ငြာထားတာ ဖြစ်ပါတယ်။
လုပ်ငန်း ၉ ခုထဲမှာ ဇာတ်ရုံလုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်းတွေလည်း ပါဝင်ပါတယ်။
နယ်ပေါင်းစုံက ရိုးရာချစ်သူတွေ စုဝေးကြမယ့် ပွဲကြီးပွဲကောင်း ဖြစ်တဲ့အတွက် ဇာတ်ပွဲ၊ ရုပ်ရှင်ပွဲတွေ ကျိန်းသေပေါက် အလုပ်ဖြစ်ကြမှာပါ။
မန္တလေးမြို့နဲ့ သိပ်မဝေးတဲ့ မတ္တရာမှာ နှစ်စဉ် ကျင်းပနေတဲ့ ဒီပွဲတော်ကြီးအကြောင်းကို ဧရာဝတီဘလော့မှာ ရွှေပြုံး ငွေပြုံး ပျော်ရွှင်မဆုံး ကျမတို့ တောင်ပြုံး ဆိုပြီး ဖော်ပြခဲ့ပြီးပါပြီ။
http://blog.irrawaddy.org/2012/09/blog-post_3438.html မှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။
ကြာလေ စည်ကားလေဖြစ်တဲ့ နတ်ဒိုးနတ်ဆိုင်းသံတညံညံ ပွဲတော်ကြီးကို အနယ်နယ်က ခရီးသည်တွေ သွားရောက် လည်ပတ်မှု ဆက်လက် များပြားနေမှာ အသေအချာပါပဲ။
ကြုံကြိုက်တုန်း ၂၀၁၁ ခုနှစ် တောင်ပြုံးပွဲ မြင်ကွင်းတချို့ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
ဆက်စပ် ဆောင်းပါး နဲ့ ဓာတ်ပုံများ ~
လွင်ကို ရေးသားတဲ့ ရိုးရာရနံ့များ ထုံမွှန်းနေသည့် တောင်ပြုံးပွဲ http://bur.irrawaddy.org/index.php/articles/2-articles/3941-2010-08-30-11-50-01
.
0 comments :
Post a Comment