ဧရာဝတီ မဂ္ဂဇင်း ဇူလိုင်လထုတ် ထွက်ပါပြီ

Thursday, July 4, 2013


- မြန်မာပြည်ရဲ့ အကြီးဆုံး သူပုန်အဖွဲ့ UWSA ဝ တပ်မတော်ရဲ့ နောက်ဆုံး အခြေအနေ၊
-  ထိုင်းဘုရင်တပါး အမရပူရမှာ နတ်ရွာစံပြီး နှစ်ပေါင်း ၂ဝဝ ကျော်အကြာမှာ သူ့ဂူကို ပြန်လည်တူးဖော်ရေး လုပ်နေပြီ
- မိုးထိုးအောင် တက်နေတဲ့ ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်း၊ ပိုမို ဖွံ့ဖြိုးလာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းအကြောင်း တို့ကို ဒီလထုတ်မှာ ဖတ်ရမှာပါ။

ဒီကနေ့ နေ့လယ်ပိုင်းမှာ ဒီလထုတ် ဧရာဝတီနဲ့အတူ တွေ့ရတဲ့ ရန်ကုန်မြို့ ဖြန့်ချိရေးဆိုင်တခုက အမျိုးသမီးတဦး (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)

ဒါ့အပြင်
- သမ္မတဖြစ်လိုကြောင်း ပြောဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်  ၂ဝ၁၅ မှာ သမ္မတ တကယ်ဖြစ်လာမလား၊
- ပဋိပက္ခဖြစ်ပွားအပြီး ရခိုင်ဒေသရဲ့ အခြေအနေ၊
- စစ်ဗိုလ်ချုပ်တယောက် စားသောက်ဆိုင်ဖွင့်ခြင်းတို့အကြောင်းလည်း ဖတ်ရပါမယ်။

-  နာမည်ပျက်ခဲ့တဲ့ မြန်မာ့တပ်မတော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ထက်မှာ ဘယ်လိုအနေအထား ရှိသလဲ၊
- မြန်မာ့ရုပ်သေးကို ပြန်လည် အသက်ဆက်နေသူတဦး၊
- ဂရပ်ဖ်တီဆွဲတဲ့ အာကာကျော်နဲ့အင်တာဗျူး၊
- နေပြည်တော်မှာ လုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်၊
- မိုးကုတ်ပေါက်ပေါက်ရဲ့ ဖက်ရှင် ဖန်တီးမှု စတာ စတာတွေလည်း ဒီလထုတ်မှာ ထည့်သွင်းထားတာ ဖတ်ရမှာပါ။

ဧရာဝတီမဂ္ဂဇင်း ဖြန့်ချိရေးအဖွဲ့က ဒီမနက် စတင်ဖြန့်နေတာ တွေ့ရပါတယ်။
လပေး မှာယူထားသူများလက်ထဲ မကြာခင် ရောက်ပါတော့မယ်။

ဝယ်ယူလိုသူတွေလည်း ရန်ကုန်က စာအုပ်ဆိုင်ကြီးတချို့မှာ သွားရောက်ဝယ်ယူနိုင်တော့မှာပါ။

စာမျက်နှာ ၅၆ မျက်နှာ ပါရှိပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved