မန္တလေးက နည်းပညာဆွေးနွေးပွဲနဲ့ အာဇာနည်နေ့ အစီအစဉ်တခု

Thursday, July 18, 2013



မြန်မာပြည်မှာ မန္တလေးနည်းပညာတက္ကသိုလ်က နည်းပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ် ကျင်းပတဲ့ တက္ကသိုလ်ကျောင်း ဖြစ်သွားပါတယ်။

Barcamp TU (Mandalay) ကို ဒီနေ့   အိုးဘိုရပ်မှာရှိတဲ့  နည်းပညာတက္ကသိုလ်-မန္တလေး ပင်မဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။

Barcamp  လို့ ခေါ်တဲ့  နည်းပညာ အသိပညာတွေဖလှယ်တဲ့ပွဲတွေကို နည်းပညာစိတ်ဝင်စားသူတွေက မြန်မာနိုင်ငံအနှံ့ မြို့ ကြီးတွေ ဖြစ်တဲ့  ရန်ကုန်၊  မန္တလေး၊ လားရှိုး၊ ပြည်၊ မုံရွာ စတဲ့ မြို့ တွေမှာ ၂၀၁၀ ကစပြီး ကျင်းပခဲ့ကြတာပါ။

ဆိုခဲ့သလိုပဲ ...  တက္ကသိုလ်တခုရဲ့ပရဝုဏ်မှာ ကျင်းပတာကတော့ ဒါဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

ဒီကနေ့ Barcamp ပွဲကို မန္တလေးမြို့ခံ စာရေးဆရာများဖြစ်တဲ့ ဆရာ ညီပုလေး၊ ဆရာသင့် နော်၊ ဆရာဇော်ခိုင်ဦး တို့  အပါအဝင် ဆရာအော်ပီကျယ်၊ ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ စတဲ့  အနုပညာ နဲ့ နည်းပညာ နယ်ပယ်စုံကနေ တက်ရောက် ဟောပြောခဲ့ ကြပါတယ်။


အပေါ်ဆုံးပုံကတော့ ရုပ်ရှင်သရုပ်ဆောင်ဗေလုဝ နဲ့ သူ ဟောပြောတာကို နားထောင်နေတဲ့ ကျောင်းသား/သူများဖြစ်ပါတယ်။ (ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)

Barcamp TU(Mandalay)ကျင်းပရာ နည်းပညာတက္ကသိုလ်မန္တလေး

နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်ဦးအေးမြင့် Barcamp TU(Mandalay) ဖွင့် လှစ်ကြောင်းကြေညာစဉ်


Barcamp TU(Mandalay) ပွဲတွင် စိတ်အားထက်သန်စွာ မှတ်ပုံတင်နေသော နည်းပညာကျောင်းသား ကျောင်းသူများ

နည်းပညာတက္ကသိုလ်ကျောင်း စာပေအနုပညာအသင်း၏ အာဇာနည်နေ့ အထိမ်းအမှတ်  နံရံကပ်စာစောင်အားကြည့် ရှုနေသောကျောင်းသားတဦး

နည်းပညာတက္ကသိုလ်ကျောင်း စာပေအနုပညာအသင်း၏ အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်

ကျောင်းသားတဦး၏အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာ

ဆရာအော်ပီကျယ် ဟောပြောစဉ်



.

1 comments :

  1. MyoThetTun said... :

    Barcamp TU (Mandalay) ကို ဂုဏ်ပြုအားပေးပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved