မြန်မာ-ထိုင်း ကာ/ချုပ် ၂ ဦး အားပေးတဲ့ ဘောလုံးပွဲ၊ ဓာတ်ပုံ-မြန်မာ့အလင်း
ပြီးတော့ ထိုင်း ကာချုပ်နဲ့ အဖွဲ့ဝင်တွေဟာ ယမန်နေ့ညနေပိုင်းမှာပဲ နေပြည်တော်လေဆိပ်ကနေ ထိုင်းနိုင်ငံ ကို ပြန်သွားခဲ့ပါတယ်။
အခုလို မြန်မာ- ထိုင်း ၂ နိုင်ငံ တပ်မတော် ကာ/ချုပ်တွေ နေပြည်တော်မှာ အတူတွေ့လိုက်ရတာဟာ တလောက အမေရိကန် အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA အသံလွှင့် ဌာနရဲ့ သတင်းတရပ် ထွက်ပေါ်လာပြီး ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
RFA သတင်းတရပ်မှာတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလမှ မြန်မာကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အတူ မေမြို့မှာ ရေအတူကစားခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်း ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ယုသာဆပ် ဆာစီပရာဖာ (Yuthasak Sasiprapha) ဟောင်ကောင်မှာ လျှို့ဝှက်တွေ့ဆုံစဉ်မှာ မြန်မာကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သူတို့လက်အောင်ခံ လူဖြစ်
အောင် စည်းရုံးသိမ်းသွင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ လျှို့ဝှက်ဆွေးနွေးပွဲက လျှို့ဝှက် အသံဖိုင်ကိုလည်း RFA က လက်ခံရရှိထားတယ်လို့ အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုထိတော့ အဆိုပါ အသံဖိုင်ကို ထုတ်ပြန်မှု မလုပ်သေးပါဘူး။
လျှို့ဝှက်ဖမ်းယူထားတဲ့ အသံဖိုင်ထဲမှာ ထိုင်း ဒုကာကွယ်ရေး ၀န်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သူတို့ သိမ်းသွင်းထားနိုင်ပြီလို့ အဓိပ္ပာယ်ရတဲ့ ပြောကြားချက်လည်း ပါဝင်တယ်တဲ့။
ယမန်နေ့ကတော့ မြန်မာ-ထိုင်း ကာ/ချုပ်တွေ ဘောလုံးပွဲကို အတူလာကြည့်ဖြစ်ခဲ့ကြတော့ ဒါ ဟာ ဘောလုံး ဒစ်ပလိုမေစီလားဆိုပြီး ထိုင်း-မြန်မာ စစ်ဘက် ဆက်ဆံရေးတွေအပေါ် သတိထားစောင့် ကြည့်သူတွေ များလာနေကြောင်းပါ။
အိမ့်သံစဉ် ~
0 comments :
Post a Comment