မလေးရှားပြန် အလုပ်သမားတွေ အလုပ်ရရေးအစိုးရ ကူညီပေးနေ

Tuesday, July 9, 2013

မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေရင်း စိုးရိမ်ဖွယ် တိုက်ခိုက်ခံရမှုတွေကြောင့် မြန်မာနိုင်ငံ ကို ပြန်လည် ရောက်ရှိလာတဲ့ သူတွေအတွက် အလုပ်အကိုင်ရရှိရေး အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှု ဖူလုံရေး ၀န်ကြီးဌာန က ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

 မလေးရှားပြန် မြန်မာအလုပ်သမားတဦးကို ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

ဇွန် ၁၉ ရက်ကနေ အခု ဇူလိုင် ၄ ရက်နေ့ထိ အလုပ်လျှောက်ထားလာတဲ့ ၂၃၇ ဦးထဲက ၂၁၇ ဦးကို အလုပ် ခန့်အပ်ပေး နိုင်ပြီလို့ ယနေ့ ထုတ် နိုင်ငံပိုင်သတင်းစာတွေက ဆိုပါတယ်။ 

အခုလည်း ၀န်ကြီးဌာနက ဆက်လက်လုပ်ဆောင်ပေးနေရာမှာ ဇူလိုင်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၁၃ ရပ်ကွက်၊ မြနန္ဒလမ်း၊ အမှတ် ၂၉၈ မှာ အလုပ်ခန့်ထားရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး လူတွေ့ မေး မြန်းဖို့ ရှိပါတယ်တဲ့။ 

ဒါကြောင့် မလေးရှားပြန်လာတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ ဒေသတွေအတွင်းက အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန ရုံးတွေကို ဆက်သွယ်နိုင်တယ်လို့လည်း အသိပေးနှိုးဆော်ထားပါ တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved