ဗုဒ္ဓဂယာပေါက်ကွဲမှု ဂယက် မရိုက်ရေး ရဟန်းတော်တပါး အသိပေး

Monday, July 8, 2013

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် ယမန်နေ့ကပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့လို့ မြန်မာရဟန်းတော် တပါးလည်း ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။ 


သတင်းမှန်တင်ပြပြီး၊ မလိုလားအပ်တာတွေမဖြစ်အောင်ပြောဆိုသော ဆရာတော်၊ ဓာတ်ပုံ-Ashin Kumuda Bawdhitahtaung


မြန်မာရဟန်းတော်တပါး ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး Ashin Kumuda Bawdhitahtaung ဆရာတော်က ... ဖြစ်ပွားမှုဟာ မြန်မာရဟန်းတော်ကို ပစ်မှတ်ထား တိုက်ခိုက်တာ မဟုတ်ကြောင်း   ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ဖော်ပြလိုက်ပြီး မြန်မာနိုင်ငံတွင်းမှာ အဆိုပါ ပေါက်ကွဲမှုကြောင့် မလိုလားအပ်တာတွေ မဖြစ်စေဖို့ သတိပေးလိုက်ပါတယ်။ 

ဆရာတော်ရဲ့ မိန့်ကြားချက် အပြည့်အစုံကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

 မြန်မာပြည်သူများသို့.. 

ယနေ့ဖြစ်ပေါ်ခဲ့တဲ့ ဗုဒ္ဓဂယာ ဗုံးဖောက်ခွဲမှုနဲ့သက်လို့ ဦးဇင်းတို့ ဗုဒ္ဓဂယာဒေသရှိ မြန်မာရဟန်တော်များမှ မြန်မာနိုင်ငံသားကို အထူးမေတ္တာရပ်ခံလိုပါတယ်..ဗုံးဒဏ်ခံစားရသည့် ဦးဝိလာသဂ္ဂ၏ အခြေနေ 
ကောင်းမွန် လျက်ရှိပါတယ်....

ထို့အပြင် ဤကိစ္စသည် မြန်မာနိုင်ငံရဟန်းတော်များကို သီးခြားပစ်မှတ်ထား၍ တိုက်ခိုက်ခြင်း မဟုတ်ကြောင်း အောက်ပါ အချက်များအရ တွေ့ရှိရပါတယ်.. 

၁..၂၀၁၂ နှစ်ကုန်ခါနီးကထဲက အိန္ဒိယအစိုးရမှ ဗုဒ္ဓဂယာကို အကြမ်းဖက်မည့်သတင်းများရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့ဘူးခြင်း.. 
၂. ဗုံးဖောက်ခွဲမှုအပီး အခြားနေရာဒေသတွင် တွေ့ရှိသောာ ဗုံးများမှာ တိဘက်ကျောင်တွင် ၁ လုံးပေါက်ကွဲ ၂ လုံး..မကွဲသေးတွေ့ရှိခြင်း ထိုင်းကျောင်းးတွင်း မပေါက်ကွဲသေးသော ၁ လုံးတွေ့ရှိခြင်း၊ ဂျပန်ကမာကုရ ထိုင်တော်မူရုပ်ပွားတော် ပလ္လင်တော်ကြားကလာပ်တွင် မပေါက်ကွဲသေးသော ဗုံး ၁ လုံး တွေ့ရှိ ပီး မြန်မာ
ကျောင်းများတွင် မတွေ့ရခြင်း.. 
၃..ယခုကိစ္စကို မည်သည့်အဖွဲ့.. မည်သည့်အကြောင်းကြောင့်ဟု အိန္ဒိယအစိုးရမှ မထုတ်ပြန်သေးဘဲ အကြမ်းဖက်အဖွဲ့ဟု သာထုတ်ပြန်ထားခြင်း .. 

ဤ အချက်များကို ထောက်ဆ၍ မြန်မာ ရဟန်းတော်များအား သီးခြားပစ်မှတ်ထားပီး တိုက်ခိုက်ခြင်း မဟုတ်သည်မှာ ထင်ရှားပါသည်။ 

သို့ဖြစ်ပါ၍ ..ဤကိစ္စကို အကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်း၌ လူမျိုးရေး ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်မလာစေရန်ု ၀ိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပါကြောင်း..
မေတ္တာရပ်ခံသတင်းပေးပို့ပါသည်.. 

ထိုကဲ့သို့ အသိပေးနေပေမယ့် တချို့က မဟုတ်မမှန်ချဲ့ကား မှုတွေအပေါ်လည်း အဆိုပါ ဆရာတော်က အောက်ပါအတိုင်း ထပ်မံ အသိပေးရေးသားထားပါတယ်။ 

ယနေ့ဗုဒ္ဓဂယာတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍
ဗုဒ္ဓဂယာအနီးတွင်နေထိုင်သော .မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ဝင်ဖြစ်ပီး ဗုံးဒဏ်ခံခဲ့ရသော မြန်မာရဟန်းတော် ဦးဝိလာသဂ္ဂ၏ အတူနေ သူငယ်ချင်းမိတ်ဆွေလည်းဖြစ်.. မြန်မာပြည်သူများ၏ အကျိုးကို တတ်နိုင်သမျှ စောင်ရွက်လိုသည်နှင့်အညီ
မြန်မာပြည်အတွင်း၌ မလိုလားအပ်သော ပြဿနာများ ဆက်လက်ဖြစ်ပွားမလာစေရန်.မိမိသိရှိသမျှ သတင်းအမှန်တွေကို တစ်နေကုန်နီးပါး ဖြန့် ဝေခဲ့ပါတယ်၊
မြန်မာပြည်ကသတင်းဌာနတွေမေးသမျှကိုလည်း အတတ်နိုင်ဆုံး သတင်းတိကျအောင် ဖြေကြားပေးခဲ့ပါတယ်..
ဒီကြားထဲမှာပဲ အင်တာနက်သတင်း..အထူးသဖြင့် Face Book သတင်းများတွင် ပြဿနာပိုမိုကြီးထွားစေ၇န် တစ်ဖက်ကို လိုသလို စောင်းပေးသည့် သတင်းများနှင့် ဆဲဆိုသည့် ကွန်မန့်များကို စိတ်မကောင်းဘွယ်ရာ ဖတ်ရှုရပါတယ်..အဲဒီအတွက် အမှန်တကယ် မြန်မာ့နိုင်ငံ၊ မြန်မာပြည်သူတွေရဲ့ အကျိုးကို လိုလားသူမှန်လျင် ယထာဘူတကျသော ဤအယူဆအတွေးခေါ်လေးနှင့်အညီ ကျင့်ကြံနေထိုင်ကြစေလိုကြောင်း..မေတ္တာရပ်ခံတင်ပြအပ်ပါတယ်...

.....မျိုးမချစ်တဲ့ မျက်ကန်းတွေကြောင့် တိုင်းပြည်နှင့်လူမျိုးသိက္ခာ ကျစေနိုင်သလို မျက်ကန်းမျိုးချစ်တွေကြောင့် လည်း တိုင်းပြည်ပြည်နှင့်လူမျိး အဖတ်ဆယ်မရအောင်ဖြစ်တတ်ပါတယ်. ဒါ့ကြောင့် ဘယ်အရာမဆို မိမိတို့ တိုင်းပြည်ရဲ့ ယနေ့ရောက်ရှိနေတဲ့ ခေတ်အခြေနေ ၊ စနစ်အခြေနေတွေနှင့် မျက်မှောက်ကမ္ဘာကြီး၏ ပကတိအခြေနေမှန်များကို ကိုယ်ပိုင်ညာဏ်နဲ့သုံးသပ်ပီး .မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့်အတိုင်း မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင်းသုံးနေထိုင်ခြင်းကသာ မိမိနှင့် မိမိတိုင်းပြည်အတွက် အကျိုးရှိမည်ဟု စဉ်းစားသုံးသပ်မိပါကြောင်း.....


By: Ashin Kumuda Bawdhitahtaung

6 comments :

  1. Anonymous said... :

    မှန်ပါတယ်။ အရမ်းသွေးမဆူကြပါနဲ့။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို တကယ်ချစ်ရင်
    ကိုယ့်လူမျိုးတွေကို မထိခိုက်စေချင်ရင် ထိန်းသိမ်းကြပါ။
    စွမ်းအားရှင်အဖွဲ့ဆိုတာတွေလဲ မိုက်ဇာတ်တွေ ရပ်တန်းက ရပ်ကြပါတော့။
    ကိုယ့်ကျိုး အာဏာ ပြန်လည်ရရှိရေးကိုဘဲ ဦးမတည်ကြပါနဲ့တော့။
    တိုင်းပြည်နဲ့ လူမျိုးကိုလဲ သနားကြ၊ ချစ်ကြပါဦး။

  1. Lu said... :

    အရှင်ဘုရား၊
    ကျေးဇူးအထူးတင်ပါတယ်ဘုရား၊
    အမျိုးချစ်သယောင်နှင့်မြန်မာသံဃာတော်များအတွင်း ၊ မြန်မာလူထုအတွင်း၊ မိသားစုအတွင်း ၊ မိတ်ဆွေအပေါင်းအသင်းများအတွင်း စိတ်ဝမ်းကွဲပြား စေရန်နဲ့ နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာလူမျိုးများ မျက်နှာပျက်စရာဖြစ်သည့်အပြင် အလုပ်လုပ်ကိုင် နေထိုင် ရန်အခက်အခဲ ရှိစေရေးအတွက် ဆောင်နေရွက်သူများ အမြန်ဆုံး အမြင်မှန်ရရှိစေရန် ဆုတောင်းနေပါတယ်ဘုရား။

  1. Anonymous said... :

    မှန်ပါတယ် အရမ်းသွေးမဆူကြပါနဲ့ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်လျင် ကိုယ့်လူမျိုးတွေကိုမထိခိုက်စေချင်လျင် ထိန်းသိမ်းကြပါ။ ဒါလောက်ဆိုလျင်ရပါပြီမိတ်ဆွေ အကြောင်းအရာနဲ့မပါတ်သက်တဲ့ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ မခေါက်ချင်စမ်းပါနဲ့။ ဗုဒ္ဓဂါယာ ကို စွမ်းအားရှင် တွေကပဲ ဗုံးသွားခွဲသလိုလို နဲ့ ခင်ဗျားပြောပုံက ။

  1. အမှန် သက်သာပျောက်ကင်းပါစေ။

  1. Rp-Myanmar said... :

    ကျနော်တို့မြန်မာနိုင်ငံဟာ နှစ်ပေါင်း(၆၀)လောက် စစ်အုပ်ချုပ်ရေးရဲ့သားကောင်ဖြစ်ခဲ့ရလို့ဆင်းရဲတွင်းလည်းနက်ခဲ့ရပါပြီ...ကုန်းကောက်စရာလည်းမကျန်တော့ပါဘူး ... ဒီအာဏာရူးစစ်ဗိုလ်တွေဟာ သူတော်ကောင်းယောင်ဆောင်ပြပြီး မဟုတ်တာအကုန်လုပ်ခဲ့ကြပါတယ်...ကရင်-ကချင်-ချင်း-ရှမ်း ပြည်နယ်တွေကသစ်တွေလည်းသူတို့ရောင်းစားခဲ့လို့ကုန်ပါပြီ----ဘာစါရင်းမှလည်းရှင်းမပြခဲ့ပါဘူး-- သဘာဝဓါတ်ငွေ့ဓါတ်ငွေ့ရောင်းရငွေတွေဟာ နိုင်ငံခြားဘဏ်တွေမှာ ဗိုလ်ချုပ်ကြီးတွေရဲ့အကောင့်တွေထဲရောက်နေပါပြီး--မြန်မာမီဒီယာတွေအနေနဲ့ ဒီလိုအကြောင်းအရာတွေကိုဖော်ထုတ်တင်ပြရမယ့်အစား---ခေတ်မီမီ ကမ္ဘာကြည့်မကြည့်နိုင်ကြသေးပဲရှိနေကြဆဲပါပဲ---တိုင်းပြည်ပျက်စီးအကျိုးယုတ်ဖွယ်ရာအကြောင်းအရာတွေကိုချဲ့ကားရေးသားနေကြမယ်ဆိုရင်တော့ ဒီသံသရာဝဲဂယက်က ရုန်းထွက်နိုင်ဖို့ရာမလွယ်သေးပါ---ပြည်တွင်းကပြသနာမျိုးစုံဟာ ကြံ့ခိုင်ရေးပါတီက ဗိုလ်ချုပ်ဟောင်းတွေရဲ့(၂၀၁၅)ရွေးကောက်ပွဲမှာ အတိုက်အခံအပေါ် ဖြတ်ကျော်နိုင်ရေးအတွက် တမင်ကလာဖန်တီးလုပ်ကြံနေတဲ့လုပ်ကြံဇာတ်လမ်းတွေဆိုတာ အချိန်မီဖော်ထုပ်တင်ပြသင့်ပါပြီ---ဒါမှသာ တိုင်းပြည်အတွက် တာဝန်ကျေတဲ့မီဒီယာတွေဖြစ်လာမှာပါ...ကမ္ဘာကြည့်-ကြည့်မြင်၍တိုင်းပြည်တည်ဆောက်နိုင်သော မီဒီယာများဖြစ်လာကြပါစေ---တိုင်းပြည်ဖျက်တဲ့မီဒီယာများ ပျောက်ကွယ်သွားကြပါစေလို့ ဆုမွန်တောင်းမိပါတယ်ခင်ဗျား

  1. Anonymous said... :

    ရွှေဥာဏ်တော် စူးပါပေ့ Anonymous ရေ..
    "ဒါလောက်ဆိုလျင်ရပါပြီမိတ်ဆွေ အကြောင်းအရာနဲ့မပါတ်သက်တဲ့ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ မခေါက်ချင်စမ်းပါနဲ့။ ဗုဒ္ဓဂါယာ ကို စွမ်းအားရှင် တွေကပဲ ဗုံးသွားခွဲသလိုလို နဲ့ ခင်ဗျားပြောပုံက"
    ရွှေဥာဏ်တော် စူးပါပေ့ ။ မြန်မာနိုင်ငံမှာ စွမ်းအားရှင်တွေ ဝင်မွှေနေလို့ ပြန်လက်တုံ့ပြန်ပြီး မလေးရှားမှာ မြန်မာတွေ အသတ်ခံရ၊ အခု အထွတ်အမြတ်ဆုံး နေရာမှာ ဗုံးခွဲခံရတာလေ။ စွမ်းအားရှင်က ဗုဒ္ဓဂယာမှာ ဗုံးခွဲလို့ ရမလား။ ဥာဏ်မမီရင် ဝင်မပါနဲ့။ စွမ်းအားရှင်အဖွဲ့ဆိုတာ ကိုယ်ကျိုးအာဏာအတွက် ဘာမဆို လုပ်မယ်ဆိုတာတွေလေ။ အဲဒီအတွက်ကို မွေးထားတာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved