သီပေါက ရင်နင့်ဖွယ် သတင်းတပုဒ်

Thursday, July 18, 2013

သတင်းစာဖတ်ရင်း ယမန်နေ့က ရင်နင့်ဖွယ် သတင်းတပုဒ် ကို ဖတ်လိုက်ရတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်တွင်းက နမ့်ရမ်းကျေးရွာ၊ နောင်ကော်ကြီး ရေကန်တွင်းမှာ ၂ နှစ်အရွယ် ရင်သွေးငယ်လေး အပါအ၀င် မိသားစု ၃ ဦးရဲ့ သေဆုံးနေမှုအဖြစ်ပါ။ 



နောင်ကော်ကြီး ရေကန်မှာ ဇနီးမောင်နှံနဲ့ ၂ နှစ် သမီးလေးတို့ မိသားစု အလောင်းတွေကို တွေ့ခဲ့ပြီး တာဝန်ရှိသူတွေ စစ်ဆေးလိုက်ရာ မိသားစု ၃ ဦးလုံးဟာ ခန္ဓာကိုယ်တွေကို ပလတ်စတစ်ကြိုးနဲ့ ရစ်ပတ် လျှက် ရေနစ်သေဆုံးနေတာ တွေ့ရ တယ် လို့ ဆိုတယ်။ 

ထူးခြားတာက ရေနစ်သေဆုံးတဲ့နေရာအနီးမှာ လက်ဆွဲခြင်းအတွင်း ကလေးအသုံးအဆောင်ပစ္စည်း တချို့နဲ့ စာတစောင် ကို တွေ့ရခြင်းပါတဲ့။ 

စာထဲမှာ " သည်စာတွေ့ရှိသူ နမ့်လန်၊ ကောင်းခမ်းထံ သတင်းပို့ပေးပါ။ ဘယ်သူ့ အမှားမှ မထင်တော့ဘူး။ ဘယ်သူ့ကိုမှလဲ မစွပ်စွဲပါဘူး။ ကျနော်တို့အကြောင်းတွေက အခက်အခဲကြီးတွေ ရှိလို့ အခုလိုဖြစ်ခဲ့ရခြင်းပါ။ 
ဘယ်သူပဲ လာမြင်တွေ့တွေ့ ကောင်းခမ်းထံ သတင်းပေးပို့ပေးပါ။ ကျနော်တို့ မိသားစု သုံးယောက်တော့ ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး။ ကျနော်တို့မှာ အကြောင်းပါခဲ့လို့ပါ။ ဒါပါပဲ။ လူ့ဘ၀ နောက်ပိုင်းကို ဘယ်သူမှ မသိမမြင်နိုင်တော့ဘူး" စသဖြင့် ရေးထားပါတယ်တဲ့။ 

ဒီစာအရဆို ဒီမိသားစု ၃ ဦးလုံး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သဘောဖြစ်နိုင်ပါတယ်။ စာထဲက 
ကောင်းခမ်း ဆိုတာ ဘယ်သူမှန်း မသိပေမယ့် သေဆုံးသူ မိသားစုနဲ့ ဆက်စပ်နေနိုင်ပါတယ်။ 

အခုလို မိသားစု ၃ ဦးလုံး သေဆုံးသွားစေလောက်တဲ့ နောက်ကွယ်က ဖြစ်ရပ်တွေဟာ ကာယကံရှင် တွေက လွဲလို့ အခြားသူတွေအတွက်အလွယ်တကူ မသိနိုင်ပေမယ့်  ရင်နင့်ဖွယ် သတင်းတပုဒ်ဖြစ်နေတာတော့ အမှန်ပါပဲ။ 

အခုလို မိသားစု ၃ ဦး သေဆုံးခြင်းဟာ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်တော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးနေပါတယ်တဲ့။ 


 ဇူလိုင် ၁၈ ရက်နေ့ မြန်မာ့အလင်း သတင်းစာ ဖြတ်ပိုင်း 



အိမ့်သံစဉ် ~

3 comments :

  1. Lu Lay said... :

    တကယ့်ကို ရင်နင့်ဖွယ် သတင်းတစ်ခုပါ။
    အရွယ်မရောက်လူလားမမြောက်သေးသော (၂)နှစ်အရွယ်သမီးငယ်လေးကိုပါ မိဘနဲ့အတူ တစ်ပါတည်း အသေခံဖို့ ခေါ်သွားတာ မဖြစ်သင့်ပါ။
    မိမိကိုယ်ကိုသတ်သေရန် အထိစိတ်ဓါတ် ကျဆင်းနေသူများအတွက် ပညာပေးတဲ့ အသင်း အဖွဲ့  များ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်သင့်ပါတယ်။
    မြန်မာလူထုအများစုဆင်းရဲတွင်းနက် နေတဲ့ အခြေအနေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ကြစေရန် ဆုတောင်းပါတယ်။

  1. phoeshwela said... :

    အဖြစ်မှန် ဖော်ထုတ်ဖို့တော လိုပါတယ် လူဆိုတာ အကြီးမားဆုံး ဘဝပြဿနာ ကြုံလာရင် ကိုယ့် ကို ကိုယ်သတ်သေ ကြတယ် ဒါဟာ အကြီးမားဆုံးအမှားတခုပါ ဘုရားရှင် က သတ္တဝါ တိုင်း ဟာဒေါသ နဲ့သေရင် အပါယ် ရောက် တယ်လို့ဟောခဲ့ တာပဲ ကိုယ့်ကို ကိုယ်သတ်သေ တယ်ဆိုမှတော့ဝမ်းမြောက်ဝမ်းသားမဟုတ် ပဲဒေါသနဲ့သေရတာပါ ဒါဆိုရင်တော့မတွေးဝံ့စရာပါပဲ ။

  1. phoeshwela said... :

    သက်ဆိုင် ရာက အမှု့မှန်ဖော်ထုတ်ပေးကြပါ အပြစ်မရှိတဲ့က လေးတွေက သနားဘို့ကောင်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved