သူဌေးကြီး ဦးတေဇ၊ သူ့အလှူများနဲ့ ဖေ့စ်ဘုတ်

Thursday, July 18, 2013

မြန်မာနိုင်ငံက သူဌေးကြီး ဦးတေဇက သူ့ရဲ့လုပ်ဆောင်ချက်တွေကို ဖေ့စ်ဘုတ် စာမျက်နှာပေါ်ကတဆင့် တင်ပြလေ့ရှိပါတယ်။ 


 ဓာတ်ပုံ- U Tay Za

အခု နောက်ဆုံး တင်ပြလာတဲ့ ရေးသားဖော်ပြချက်ကတော့  ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မွေးနေ့ အထိမ်းအမှတ် အတွက် သီတဂူဆရာတော်ဘုရားရဲ့ မျက်စေကုသအလှူလုပ်တဲ့ ဆေးရုံမှာ အလှူဒါန 
ပြုခဲ့တာပါ။




ပူတာအိုဒေသမှာ ဦးတေဇဟာ လွန်ခဲ့တဲ့ ၃ နှစ်နီးပါးက ရဟတ်ယာဉ်ပျက်ကျပြီး အသက်အန္တရာယ်က ကံသီလို့ လွတ်မြောက်လာခဲ့တာမှာ အဲဒီဒေသက သူတွေက ကူညီမှုတွေပေးခဲ့တာကြောင့် ပူတာအို
ဒေသမှာလည်း စက္ခု အလှူဒါန သွားလုပ်ခဲ့ပါသေးတယ်။ 

"သီတဂူ အပြည်ပြည်ဆိုင်ရာသာသနာပြုအဖွဲ့နဲ့ အတူ မိမိရဲ့ ထူးဖောင်ဒေးရှင်းတို့မှပူးပေါင်းပြီး ကချင်
ပြည်နယ် ပူတာအို ခရိုင်အတွင်း မျက်စိဝေဒနာရှင်များကို တတိယအကြိမ်မြောက် ဆေးကုသပေးခြင်း အစီအစဉ်ကို (၁၀.၇.၁၃)ရက်နေ့မှ (၁၃.၇.၁၃) ရက်နေ့အထိပူတာအိုခရိုင်ဆေးရုံတွင် ဆောင်ရွက် ခဲ့ပါတယ်။ ဒီလိုဆေးကုသ အစီအစဉ်မှာ မိမိတို့ မဒွယ်တောင်ပေါ် ရဟတ်ယာဉ် မတော်တဆဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော အစ်ကိုကြီး capt မောင်မောင်သန်း၊ capt စည်သူ၊ ကိုဇေယျာ၊ ကိုသက်ထွန်း၊ မဂရေ့စ် တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်"လို့ ဦးတေဇက ဆိုပါတယ်။ 

အဲဒီလို သူဌေးကြီး ဦးတေဇ ဟာ အခုနောက်ပိုင်း ဖေ့စ်ဘုတ်စာမျက်နှာပေါ်က သူ့ရဲ့ အလှူဒါနတွေနဲ့ ပတ်သက် ပြီး ဆက်တိုက်ဆိုသလို ဖော်ပြလာပါတယ်။ ဒါကြောင့်ပဲ သူ့ဖေ့စ်ဘုတ်စာမျက်နှာ ကို Like လုပ်ထားသူပေါင်း ၄ သောင်း ၇ ထောင်ကျော်ထိ ရှိလာတာ သတိထားမိပါတယ်။ 

ဖေ့စ်ဘုတ်ဟာ တချို့အတွက်ကြော်ငြာ၊ တချို့အတွက် ဆုံဆည်းရာ၊ တချို့အတွက် သတင်းအစအန ရှာ ဖွေရာ၊ တချို့အတွက် ဗဟုသုတရှာဖွေရာ၊ စသဖြင့် စသဖြင့်ရှိကြတာမှာ ကိုယ့်အတွက် အကျိုးရှိရှိ အသုံးပြုသူ အရေအတွက်ဟာ သိပ်မများလှဘူးထင်ပါတယ်။ 

ပြောရရင် မြန်မာနိုင်ငံရဲ့ ခရိုနီကြီးလို့ လူသိများတဲ့ ဦးတေဇဟာ ဖေ့စ်ဘုတ်ကို သေချာ အသုံးချတတ်သူ
တွေထဲက တဦးလို့ ပြောရမယ်ထင်ပါတယ်။ 



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved