ဂျပန်အတွက် အမေရိကန် သံအမတ်သစ် ကယ်ရိုလိုင်းကနေဒီ

Saturday, July 27, 2013

  

သမ္မတအိုဘားမားက ကယ်ရိုလိုင်းကနေဒီကို ဂျပန်သံအမတ်အဖြစ် ရွေးချယ်ကြောင်း
 ဗုဒ္ဓဟူးနေ့မှာ သတင်းထွက်လာပြီး နောက်တနေ့မှာတော့ ဂျပန်အစိုးရကလည်း သူတို့ဆီ ကနေဒီရောက်လာမှာကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း ပြောလိုက်ပါတယ်။



အိုဘားမားက ရွေးလိုက်တယ် ဆိုပေမယ့် လုပ်ထုံးလုပ်နည်းအရ လွှတ်တော်ရဲ့အတည်ပြုချက် လိုပါသေးတယ်။
သတင်းတွေမှာရေးထားချက်အရတော့ လွှတ်တော်မှာလည်း ကန့်ကွက်မှု ရှိမယ်မဟုတ်ဘူးလို့ နားလည်မိပါတယ်။

ကယ်ရိုလိုင်းကနေဒီက အခု အသက် ၅၅ နှစ် ရှိပါပြီ။ ဟားဗတ်၊ ကိုလံဘီယာ အစရှိတဲ့ တက္ကသိုလ်တွေမှာ ပညာသင်ခဲ့သူပါ။
သူဟာ ဂျပန်အတွက်တော့ ပထမဆုံး အမျိုးသမီးအမေရိကန်သံအမတ် ဖြစ်လာမှာပါ။

ဂျပန်နဲ့ အမေရိကန်က ကုန်သွယ်ရေး နဲ့ စစ်ရေးဆိုင်ရာ အထူးမဟာမိတ်နိုင်ငံတွေ ဖြစ်တာကြောင့် သူ့ကို သံအမတ်ခန့်မယ့်သတင်းက နိုင်ငံတကာအတွက် အာရုံစိုက်စရာ ဖြစ်လာပါပြီ။

ခါတိုင်းတော့ အမေရိကန်နိုင်ငံရေးနယ်ပယ်ကအထင်ကရရှိတဲ့ အမျိုးသားတချို့ တိုကျိုမှာ သံအမတ်တာဝန် ယူခဲ့ဖူးပါတယ်။
ကယ်ရိုလိုင်းကနေဒီလည်း သူ့မိဘနှစ်ပါးကြောင့် အမေရိကန်တွေကြားထဲ အထင်ကရဖြစ်နေသူပါ။

CNN ဘလော့မှာတော့ ...
ကယ်ရိုလိုင်းကနေဒီ သံအမတ်တာဝန်ပေးခံရမယ့်အကြောင်း ဧပြီလကတည်းက သူတို့ ရေးခဲ့ပါတယ်လို့ ဆိုထားပါတယ်။
လက်ရှိ သံအမတ်က John Roos ဖြစ်တယ်၊ တိုကျိုမှာ တာဝန်ယူနေတာ ၄ နှစ်ရှိပြီ၊ John Roos ဟာ အမေရိကန်တွေ အနုမြူဗုံးချခဲ့တဲ့ ဟီရိုရှီးမား၊ နာဂါဆာကီ အမှတ်တရ အစီအစဉ်တွေကို တက်ခဲ့တဲ့ ပထမဆုံးသော အမေရိကန် သံအမတ်ဖြစ်တယ်လို့ CNN ဘလော့မှာ ရေးထားပါတယ်။ အဲဒီအကြောင်း ဧရာဝတီမှာ ဖတ်နိုင်ပါတယ် - လင့်က http://www.irrawaddy.org/archives/10874 နဲ့ http://www2.irrawaddy.org/article.php?art_id=19218&page=1 တို့ ဖြစ်ပါတယ်။
ဂျပန်အများအပြားကလည်း ကနေဒီရဲ့ ဖခင် သမ္မတဟောင်းဂျွန်အက်ဖ်ကနေဒီကို တရင်းတနှီး ရှိကြပါတယ် လို့ ဂျပန်လွှတ်တော်အတွင်းဝန် Yoshihide Suga က ပြောဆိုကြောင်း AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

သို့သော်လည်း ကယ်ရိုလိုင်းကနေဒီကတော့ ဂျပန်နဲ့ ဆက်စပ်မှု မရှိဘူး၊ ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲလိုမျိုး ဂျပန်အမေရိကန် ဆက်ဆံရေး၊ ဂျပန်မှာ တာဝန်ကျတဲ့ အမေရိကန်စစ်သားတွေရဲ့ ပြဿနာ စတဲ့ ကိစ္စရပ်မျိုးတွေကလည်း သူ့အတွက် အစိမ်းသက်သက် ဖြစ်နေတယ်လို့ ဆိုသူက ဆိုနေပါတယ်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved