ဒီတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံထဲမှာ Me N Ma က ၄ ဦးပဲ ဖြစ်နေပါတယ်။

ဝေနှင်း နုတ်ထွက်ရခြင်းအကြောင်းကို ဧရာဝတီပင်မစာမျက်နှာမှာ ဖော်ပြခဲ့ပြီးပါပြီ။
လင့်က http://burma.irrawaddy.org/archives/44025 ဖြစ်ပါတယ်။
ဝေနှင်း ရှင်းပြခဲ့ပုံက ...
“ကျမ ဒီအဖွဲ့ထဲက နုတ်ထွက်တယ် လို့တောင် မသုံးနှုန်းချင်ပါဘူး။ မခွဲခွာချင်ဘဲ ခွဲခွာခဲ့ရတာပါ။ သုံးနှစ်တာ ကာလလုံးလုံး မိသားစု ထက်တောင် အချိန်ပေးပြီး ပိုတွေ့ဖြစ်ခဲ့ပါတယ်။ ကျမ တယောက်တည်း ဖြစ်သွားတဲ့အတွက်လည်း အရာတခုခု ဆုံးရှုံး သွားသလိုပါပဲ။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒီအဖွဲ့အတွက် အချိန်တွေ အများကြီး ပေးရပါတယ်၊ နိုင်ငံခြား ခရီးတွေလည်း အတူထွက်ခဲ့ပါတယ်။ မတည့်လို့ ထွက်တာလည်း မဟုတ်ပါဘူး။ ကျမရဲ့မိသားစုတာဝန်မှာ ကျမက အခရာ ဖြစ်နေလို့ပါ။ ကျမအမေကလည်း ကျန်းမာရေး မကောင်းတော့ မိသားစုကို အစစအရာရာ ဂရုစိုက်ဖို့အခုလို လုပ်ရတာပါ။ ကျမမှာ ဘာ နောက်ခံအသိုင်းအဝိုင်းမှမရှိဘဲ မိဘတွေကို ပြန်ကြည့်နေရတာပါ”

စီးပွားရေး၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ အနုပညာလုပ်ငန်းပဲဖြစ်ဖြစ် ကွဲကြရတဲ့ အကြောင်းရင်းက စိတ်သဘောထားခြင်း မတိုက်ဆိုင်တာကြောင့်များပါတယ်။

Me N Ma အဖွဲ့ တယောက် လျော့သွားတာကတော့ အများနဲ့မတူတဲ့အတွက် ထူးခြားနေတယ်လို့ ဆိုရပါမယ်။
.
0 comments :
Post a Comment