သနားစရာ ကနေဒါ??

Monday, August 26, 2013

 ~



ကနေဒါမှာ ဒရိုင်ဘာတွေ အရှိန်လျှော့ရမယ့်နေရာမှာ အမှန်တကယ် လျှော့စေဖို့ ရည်ရွယ်ချက်နဲ့ ကားလမ်းပေါ်မှာ ချိုင့်ခွက်ပုံစံ ကပ်နေတယ် ဆိုတဲ့ ဓာတ်ပုံ Facebook မှာ လက်ဆင့်ကမ်းနေကြတာ ကြာပါပြီ။


အရှိန်လျှော့ဖို့ ညွှန်ကြားတဲ့ဆိုင်းဘုတ်ကို ဂရုမစိုက်ကြလို့ ဒီလို လုပ်ရတယ် ဆိုပါစို့။

ချိုင့်အစစ် ထင်ပြီး ကားဆရာ ဆရာမများ အရှိန်လျှော့ကြရလောက်အောင် ပီပြင်တဲ့ အတုအပ ဖြစ်ပါတယ်။

သနားစရာ ကနေဒါပါတကား။ ကားလမ်းမှာ ချိုင့်တွေ မရှိရှာဘူး လို့ ဆိုနိုင်ပေတာပေါ့။

Facebook မှာတော့ ဒီပုံနဲ့ ပတ်သက်ပြီး ပေးထားတဲ့ မှတ်ချက်ကတော့ အမျိုးမျိုးပါပဲ။

ငါ ကနေဒါနိုင်ငံကကွ။ ဒို့ဆီမှာ ဒါမျိုး မရှိ လို့ ပြောသူကိုလည်း တွေ့ရပါမယ်။

ဒါ အန္တရာယ်ကြီးတဲ့ အတုအပပဲ။ ချိုင့်ကိုမြင်ပြီး ဘရိတ်ဆွဲရင် ကားတိုက်မှုတွေ မဖြစ်နိုင်ဘူးလားလို့ ထောက်ပြသူလည်း ရှိပါတယ်။

အတုအပလို့ပဲ ထင်ထင်၊ အစစ်လို့ပဲ ထင်ထင် ဒီဓာတ်ပုံကို   Facebook မှာ   သဘောကျနေကြပါပြီ။
မြန်မာပြည်အနှံ့ ကားလမ်းတွေမှာက ချိုင့်တွေခွက်တွေ ရှိကြတယ် မဟုတ်လား။

ဒါတွေကို ကြိုသိလို့၊ ကားဆရာ ဆရာမတွေ အရမ်းကာရော အစွမ်းပြကြမှာကို ကြိုသိလို့ မြန်မာအစိုးရက လမ်းသိပ်မပြင်တာကိုး ဆိုပြီး  ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နိုင်ပါတယ်။
 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved