ဆေးမှင်ကြောင် စုတ်ထိုး အခု ပြင်၊ အခုဖျက်လို့ ရတဲ့ အမျိုး

Monday, August 26, 2013

အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး ဤ ၃ မျိုး ချက် မပိုင်လျှင် နောင် ပြင်ရန် ခက်တဲ့ အမျိုး ဆိုတဲ့ တချိန်က အမှန်ဆိုပြီး အများ လက်ခံခဲ့ကြတဲ့ မြန်မာ ဆိုရိုးစကားတခုဟာ အခုတော့ မှားသွာပြီလို့ ဆိုရမှာပါ။ 




နည်းပညာ ခေတ်ကြီးမှာ အဆင့်မြင့်လာတာနဲ့အမျှ ရှေးထုံးတွေလည်း ပယ်ချပစ်ရတော့တဲ့ကိန်း ဆိုက်လာပါတယ်။ 

တချို့က ဆေးမှင် စုတ်ထိုးရတာကို တော်တော် စွဲလန်းပြီး ရှုးသွပ်ကြသူတွေလည်း ရှိပါတယ်။ လူ့စိတ် သဘောအရ ပြင်ချင်တာ၊ ဖျက်ချင်တာမျိုဆိုတာ ရှိတတ်ကြတာပါဘဲ။ 

ဒါကြောင့် ဒီလို လူတွေအတွက် တီထွင်ရင်း နည်းပညာ အစွမ်းကြောင့် ကိုယ်ခန္ဓာ အရေပြားပေါ်မှာ ဆေးမှင် စုတ်ထိုးပြီးရင် ပြန်ဖျက်လို့ မရဘူးဆိုတာဟာ အခုတော့ မဟုတ်တော့ပါဘူး။ 

ဆေးမှင်ကြောင် စုတ် ဆေးတွေကို လေဆာရောင်ခြည်သုံးပြီး အချိန် မိနစ်ပိုင်းအတွင်း မလိုချင်တော့တဲ့ ခန္ဓာကိုယ်ပေါ်က ဆေးမှင်ရုပ်တွေရဲ့ အစိပ်အပိုင်းတခုဖြစ်ဖြစ်၊ တခုလုံး ဖြစ်ဖြစ် ကိုယ်မလိုချင်ရင် မလိုချင် သလို ပယ်ဖျက်လို့ ရနေကြပါပြီ။ 

အခု မြင်တွေ့ရမယ့် အမေရိကန်က လော့စ် အိန်ဂျလိ မှာ Dr Tattoff ရဲ့ အင်တာနက်စာမျက်နှာမှာ ဆေးမှင် ဖယ်ရှားတာ တွေနဲ့ပတ်သက်ပြီး သိလိုသမျှတွေကို ဖော်ပြထားပါတယ်။ 

 ဆေးမှင်စုတ်ဆေးတွေကို ဖျက်တဲ့ လေဆာရောင်ခြည်သုံး စက်၊ ဓာတ်ပုံ- Dr.Tattoff

ဆေးမှင်ကြောင် ဖျက်လိုသူတွေအနေနဲ့က သူ့ ဆီကို ကြိုတင်ပြီး ရက်ချိန်းယူရပါတယ်။ 

ဆေးမှင်ကို မဖျက်ခင် နာရီဝက်လောက်ကြိုတင်ပြီး အက်စပရင်တို့ တခြား လိုအပ်တဲ့ ဆေးတချို့တော့ သုံးဆောင်ထားရပါ မယ်တဲ့။ 

ဆေးမှင်ကို လေဆာရောင်ခြည်သုံး စက်ပစ္စည်းနဲ့ ဖယ်ရှားတဲ့အခါ ခန္ဓာကိုယ်မှာ နည်းနည်းတော့ နာကျင်မှု ခံစားရပါမယ်တဲ့၊ ဒါပေမယ့် ခံနိုင်ရည်ရှိနိုင်တဲ့ နာကျင်မှုမျိုးလောက်သာဖြစ်တယ်လို့ ဆေးမှင်ဖယ်ရှားခဲ့ကြသူတွေက ပြောထားပါတယ်။ 

ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားမှာတော့ တစုံတရာ ထိခိုက်မှု ရှိနိုင်တယ်လို့ ဝေဖန်ထားသူတွေရဲ့ မှတ်ချက် တချို့လည်း တချို့ ဆေးပညာ အကြံပြုချက်တွေမှာ တွေ့ရပါတယ်။ 

ဆေးမှင်ဖျက်ပြီး ၂၄ နာရီ ပြည့်တဲ့အခါ စင်တာကို နောက်ထပ် လာပြန်ပြသဖို့ လိုအပ်သလို ရက်သတ္တပတ် ၇ ပတ်ကနေ ၁၄ ပတ်အထိ ဆေးခန်းက အကြံပြုချက်တွေအတိုင်း လိုက်နာ နေထိုင်ကြရမှာပါ။ 

ကုန်ကျစရိတ်ကတော့ စိတ်ဝင်စားစရာပါ။ 

၁ စတုရန် လက္ခအတွက် အမေရိကန် ၄၉ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပြီး ဆေးမှင်အရုပ်ရဲ့ ဆေးပမာဏနဲ့ အတိုင်းအတာ အပေါ်လည်း မူတည်ပြီး တခါတရံ ရာခိုင်နှုန်း ၂၅ ရာခိုင်နှုန်းစသဖြင့် လျှော့ ပေးတာလည်း ရှိပါတယ်တဲ့။

လေဆာရောင်ခြည်သုံး ဆေးမှင်ဖျက်တာမှာ ဆေးရောင်စုံ အကုန်နီးပါး လုံးဝ ဖယ်ရှားနိုင်တယ်လို့ Dr.Tattoff စင်တာက ဆိုထားပါတယ်။

 




အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved