ပုဒ်မ ၁၈ ကို မမှုတဲ့ ရခိုင်ပြည်နယ်က ဆန္ဒပြသူများ

Thursday, August 15, 2013

-


တရုတ်မြန်မာ ရေနံ/ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူ ၁ဝ ဦး အမှုရင်ဆိုင်နေရတာ မကြာခင် အဆုံးသတ်ဖွယ် ရှိပါတယ်။

 

 အမှုက လွတ်မှာမဟုတ်ဘဲ ထောင်ကျဖွယ် ရှိတယ်လို့ သူတို့က ယူဆနေကြတာပါ။

မဒေးကျွန်းက လှုပ်ရှားတက်ကြွသူတယောက်ဖြစ်တဲ့ ကိုထွန်းကြည်က လာမယ့် တပတ် နှစ်ပတ်အတွင်း သူတို့ အမှု စီရင်ချက် ချမယ်လို့ ဆိုပါတယ်။

ပိုက်လိုင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့သူတို့ဟာ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ အရေးယူခံနေရသူများ ဖြစ်ပါတယ်။

ပုဒ်မ ၁၈ နဲ့ တရားစွဲခံရပြီဆိုရင် ထောင်မကျသူက ခပ်ရှားရှားပဲ လို့ ကိုထွန်းကြည်က ဆိုပါတယ်။

သူတို့ ထောင်ကို ပို့ရင် ကျနော်တို့ ထောင်ထဲသွားမယ်၊ တလ သို့မဟုတ် နှစ်လ သို့မဟုတ် ဘယ်လောက်ချချ။ လွတ်လာရင်လည်း လုပ်သင့်တာကို ထပ်လုပ်ရဦးမှာပဲ။
  ကြောက်မနေဘူး။ ကျနော်တို့ရဲ့ လိုလားချက်နဲ့ ပတ်သက်ပြီး တခုခု လုပ်မပေးသရွေ့တော့ ဆက်ပြီး ဆန္ဒပြနေမှာပဲ လို့ ရခိုင်တိုင်းရင်းသား လှုပ်ရှားတက်ကြွသူ ကိုထွန်းကြည်က ပြောပါတယ်။

ဒီအကြောင်း သတင်း အပြည့်အစုံကို ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ www.irrawaddy.org/archives/42061 မှာ ဖတ်နိုင်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved