စစ်ထောက်လှမ်းရေးညွှန်မှူး ဗိုလ်မှူးကြီးခင်ညွန့် ဆိုတဲ့ လက်မှတ် ပါဝင်တဲ့ ၁၉၈၈ သြဂုတ် ၂၂ ရက်စွဲတပ် ထိပ်တန်းလျှို့ဝှက်စာတစောင် အကြောင်း အွန်လိုင်းမှာ လူပြောများနေပါတယ်။
ပြည်သူလူထု တွေဝေခြောက်ခြားစေဖို့ နည်းမျိုးစုံသုံးဆောင်ရွက်ပါ လို့ ရေးထားတဲ့စာပါ။
နိုင်ငံတဝန်း စစ်ထောက်လှမ်းရေးတပ်တွေကို ပေးပို့တဲ့ပုံစံပါ။
ဒီစာကို အစစ်အမှန်လို့ ယူဆသူတွေ ရှိပါတယ်။
အတုကြီးပါကွာ။
အစစ်အမှန်လို့ထင်အောင် ဖန်တီးထားတဲ့စာပါလို့ ပြောသူလည်း ရှိပါတယ်။
သိပ်မကြာသေးခင်က ဦးခင်ညွန့်နဲ့ တွေ့ဆုံရာမှာ ၁၉၈၈ ဒီမိုကရေအရေး လှုပ်ရှားမှုကာလ ဖြစ်ရပ်များနဲ့ ပတ်သက်လို့ မေးမြန်းပါတယ်။ သူက ဖြေကြားဖို့ ငြင်းဆန်ပါတယ်။
ဒီစာ အစစ်လား၊ အတုလား ဆိုတာ သူနဲ့ သူ့လက်ထောက်များကတော့ သေချာပေါက် သိကြမှာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် ဖြစ်ရပ်များနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်း ဧရာဝတီက အဆက်မပြတ် တင်ပြနေရာမှာ မနေ့က အွန်လိုင်း တင်လိုက်တဲ့ ဒေါက်တာ ဝင်းဇော်၊ ကိုကို (ကိုကို – စက်မှုတက္ကသိုလ်) ၊ ဒါရိုက်တာ မောင်မိုးသူ တို့ရဲ့ ပြောဆိုချက်တွေကို ဧရာဝတီ ပင်မ စာမျက်နှာမှာ ဖတ်နိုင်မှာ ဖြစ်ပါတယ်။ လိပ်စာက http://burma.irrawaddy.org/archives/45525 ဖြစ်ပါတယ်။
.
လွန်ခဲ့တဲ့ ၂၅ လောက်ကစာကို...ဘာလို့အခုမှဖေါ်ပြ၇တာလဲ..မဖေါ်ပြလဲခင်ညွန့်အမိန့်နဲ့လုပ်တာ....လူတိုင်းသိနေတာဘဲ။။ဒီစာကို...online ပေါ်တင်တော့...ဘာဖြစ်လာမလဲ? online ပေါ်တင်လိုက်လို့..ဆုတံဆိပ်များ၇မယ်ထင်လို့လား။ကြောင်တောင်တောင်နဲ့။