ရွှေဝါရောင် သူရဲကောင်း အရှင် ဂမ္ဘီရတဖြစ်လဲ ကိုညီညီလွင် လက်ထပ်လိုက်ပြီ

Friday, August 2, 2013

ရွှေဝါရောင် သူရဲကောင်းကြီး အရှင် ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင်တယောက်တော့ အခု စွံသွားပါပြီ။ အကြောင်းက တော့ ကိုညီညီလွင်ဟာ အင်တာနက်ကနေ ချစ်သူဘ၀ ရောက်လာခဲ့ကြတဲ့ သြစီသူ တဦးနဲ့ မြန်မာ့ ဓလေ့ ထုံးတမ်း စဉ်လာနဲ့ အညီ လက်ထပ်လိုက်တာပါ။ 

အသစ်စက်စက် ဇနီးမောင်နှံတွေဖြစ်တဲ့ ကိုညီညီလွင်နဲ့ မစ္စ မာရီယာ ဖရန့်စ်၊ 
ဓာတ်ပုံ- ဦးသိန်းသန်းဦး

ဒါပေမယ့် ရွှေဝါရောင် သူရဲကောင်းမှာ လက်ထပ်တာတောင် အဆင်မချောခဲ့ရပါဘူး။ 

သြဂုတ်လ ၁ ရက်နေ့ က ကိုညီညီလွင်ဟာ ချစ်သူဖြစ်တဲ့ သြစတြေးလျနိုင်ငံသူ မစ္စ မာရီယာဖရန့်စ် ( Ms. Maria France) နဲ့ အတူ မနက် ၁၁ နာရီလောက်က တရား လွှတ်တော် ရှေ့နေ ဒေါ်ဟန်စုယဉ်ရဲ့ အကူ အညီနဲ့ မန္တလေးက ခရိုင်တရားရုံး ကို ရောက်လာတယ်လို့ မန္တလေးက ရှေ့နေ ဦးသိန်းသန်းဦးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကိုညီညီလွင်နဲ့ ဇနီးဖြစ်သူ မစ္စ မာရီယာဖရန့်စ်တို့ရဲ့ တရားရုံးတက် လက်မှတ်ထိုးမှုကို မန္တလေး ခရိုင်တရားရုံးက လက်မခံ ပယ်ချလိုက်တယ်လို့ သိရပါတယ်။ “လက်ထပ်ဖို့ မန္တလေး ခရိုင်တရားရုံးမှာ ကျနော်တို့ ကြိုးစားတာ မအောင်မြင်ပါဘူး” လို့ ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

ရွှေဝါရောင် သူရဲကောင်း အရှင်ဂမ္ဘီရ တဖြစ်လဲ ကိုညီညီလွင့်ရဲ့ ဇနီးလောင်း မစ္စ မာရီယာ ဖရန့်စ်က ဗုဒ္ဓဘာသာဖြစ်နေ တာကြောင့် အဲဒီ မန်းခရိုင်တရားရုံးဝန်းထဲက ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ရုံးခန်းမှာပဲ ဗုဒ္ဓဘာသာ ထုံးထမ်းစဉ်လာအရ သက်သေ ၂ ဦး ရှေ့မှာ လက်မှတ်ရေးထိုးပြီး လက်ထပ်လိုက်ကြတယ်လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။ 

အဲဒီ မင်္ဂလာ လက်ထပ်ပွဲလေးမှာ ဦးသိန်းသန်းဦးက မင်္ဂလာစကားကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ပြော
ပေးခဲ့ရတာဖြစ်ပြီး ရွှေဝါရောင် သူရဲကောင်း အသစ်စက်စက် ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာဦးအဖြစ် ကော်ဖီနဲ့ ဧည့်ခံခဲ့ကြပါတယ်တဲ့။ 

မစ္စ မာရီယာဖရန့်စ်ဟာ Web Designer တဦးလည်းဖြစ်သလို လူ့အခွင့်အရေး လှုပ်ရှားသူတဦးလည်း ဖြစ်ပါ တယ်။

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved