မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်

Thursday, August 8, 2013

-

အမေရိကန်သို့ တင်သွင်းကုန်များ အခွန်ကင်းလွတ်ခွင့် ကန့်သတ်ခြင်းနှင့် ပတ်သက်၍ မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီရဲ့ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်ကို ဆီလျော်အောင် ဘာသာပြန်သည်။



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ၂၀၁၁ က မြန်မာနိုင်ငံကို ဆိုက်ရောက်လာစဉ် ( ဓာတ်ပုံ- ဧရာဝတီ )

အမေရိကန်သို့ ကုန်ပစ္စည်းတင်သွင်းရာတွင် တင်သွင်းကုန် အခွန်ကင်းလွတ်ခွင့် ကန့်သတ်ထားရှိမှုနှင့် ပတ်သက်၍ မြန်မာ-အမေရိကန် ကုန်သွယ်ရေး ကောင်စီက ယနေ့ ရှင်းလင်း ထုတ်ပြန်လိုက်သည်။

ယင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသို့ လတ်တလောအထိ လေ့လာသုံးသပ်မှုများ ပါဝင်ပြီး၊ မဖြစ်မနေ လုပ်ဆောင်ရမည့် အချက်များ ပါဝင်ကြောင်း၊ ယင်းတွင် လတ်တလော အလုပ်သမားအရေးရာ ပြုပြင်ပြောင်းလဲရေးနှင့် သိသာထင်ရှားသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေးများ ပါဝင်ကြောင်း သိရသည်။

“ကျနော်တို့ မြန်မာနိုင်ငံကို ၂၀၀၉ ခုနှစ်ကတည်းက ကွင်းဆင်းလေ့လာတာတွေ လုပ်ခဲ့တာပဲ။ ပြီးတော့ အနာဂတ်မှာ အကောင်းဖြစ်လာဖို့ မမြင်ဘူး။ ပေးအပ်ထားတဲ့ GSP က အမေရိကန်နဲ့ ဆက်သွယ်လုပ်ကိုင်ရေး ပိုမို တိုးတက်လာစေမှာ ဖြစ်တယ်။ ပြီးတော့ နိုင်ငံရေးနှင့် စီးပွားရေး ပြန်လည် ထူထောင်ရေး အရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်တယ်” လို့ ကုန်သွယ်ရေးကောင်စီ အကြီးအကဲ Robert A. Knutson က ပြောသည်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved