အရှင်ဆန္ဒာဓိကအား ကင်တာနား ဘာလျှောက်ထားခဲ့သလဲ

Wednesday, August 21, 2013

မြန်မာနိုင်ငံကို ရောက်နေတဲ့ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာဟာ ခရီးစဉ်တခုအတွင်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် လေယာဉ်တစီးတည်း စီးဖြစ်ခဲ့ပြီး ဆရာတော်အား ကင်တာနာက ဘာပြောခဲ့သလဲ ဆိုတာ ရန်ကုန် UN ရုံး သတင်းပြန်ကြားရေး ဌာနက အခုလို ဖော်ပြထားပါတယ်။ 

ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ကင်တာနာ၊ ဓာတ်ပုံ- United Nations Information Centre Yangon
  
ခရီးသွား ရင်း Mr. Quintana သည် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား ဖူးမျှော်ဂါရ၀ပြုခွင့်ရခဲ့သည်။ 

“ယခင်စစ်အစိုးရ ခေတ် အောက် ဖိနှိပ်မှု တွေရှိတုန်းက သံဃာတော်တွေကို ကျွန်တော် စတင် သိခဲ့ရတယ်။ သံဃာတော်တွေနဲ့တွေ့ရတဲ့ အခွင့်အရေး တွေကို ကျွန်တော် တန်ဘိုးထားတယ်။ သံဃာတော်တွေ မိန့်တာတွေကို ကျွန်တော်သေချာစွာ နားထောင်တယ်” ဟု ၄င်း ကပြောသည်။

လို့ ဖော်ပြထားပါတယ်။  

အိမ့်သံစဉ် ~

1 comments :

  1. Unknown said... :

    ကင်တားနားရဲ့တကယ့်စိတ်ရင်းအမှန်လားဆိုတာသိချင်ပါတယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved