ဒု ၀န်ကြီး ၂ ဦးကို ပြောင်းလဲ တာဝန်ပေး

Thursday, August 8, 2013

ပြုပြင်ပြောင်းလဲရေး သင်္ကေတလို့ အမေရိကန် သတင်းဌာနတခု က သမ္မတ ဦးသိန်းစိန်ကို အမည်ကင်ပွန်းတပ်ခေါ်ဝေါ် သုံးနှုန်းခဲ့သလို အခုလည်း နောက်ထပ် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတရပ် အနေနဲ့ ဒု ၀န်ကြီး ၂ ဦးကို ပြောင်းလဲ တာဝန်ပေးအပ်လိုက်ပြန်ပါတယ်။ 

ဦးဇင်ယော်

 ဦးဇင်ယော်( နိုင်ငံခြားရေး ဒု ၀န်ကြီး) ကို ပို့ဆောင်ရေး ဒု ၀န်ကြီးအဖြစ်နဲ့ ဦးမြင့်ဇော် ( လျှပ်စစ် စွမ်းအား ဒု ၀န်ကြီး ) ကို စွမ်းအင် ဒု ၀န်ကြီးတွေအဖြစ် တာဝန် ထန်းဆောင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။ 

မကြာသေးမီကလည်း   ဒု ၀န်ကြီး အပြောင်းအလဲတွေ လုပ်ခဲ့ပါသေးတယ်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၃၁/၂၀၁၃)
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁ ရက်
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်)
ဒုတိယဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များ အရ အောက်ဖော် ပြပါ ဒုတိယဝန်ကြီးများအား ယှဉ်တွဲပါ ပြည်ထောင်စု ဝန်ကြီးဌာန အသီးသီးတွ င် ပြောင်းလဲ တာဝန်ပေးလိုက်သည်-

ဦးဇင်ယော်
ပို့ဆောင်ရေးဝန်ကြီးဌာန
ဦးမြင့်ဇော်
စွမ်းအင်ဝန်ကြီးဌာန

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

1 comments :

  1. Lu Lay said... :

    သံတမန် မပီသတဲ့သူ နိုင်ငံခြားရေးရုံးတွင်မထားတာကောင်းပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved