မဲဆောက်-မော်လမြိုင်လေယာဉ်ကို မြန်မာတို့ စီးခွင့် မရသေး

Monday, September 2, 2013

 ~


မဲဆောက် - မော်လမြိုင် နေ့တိုင်းပြေးမယ့် လေယာဉ်က ထိုင်းနိုင်ငံသားတွေအတွက်ပဲလို့ ယူဆရတော့မှာလား။
ခါတိုင်းတော့ ဒီအစီအစဉ်က အားလုံးအတွက်လို့ ယူဆထားခဲ့ကြတာပါ။
အခုချိန်အထိတော့ ထိုင်းတွေပဲ စီးခွင့်ရနေတယ်လို့ ဆိုထားတဲ့ သတင်းတပုဒ်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။



"ယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ သိစေရန်"

သြဂုတ် ၂ - ၂၀၁၃

မဲဆောက်-မော်လမြိုင်သို့ နေ့စဉ်ပြေးဆွဲနေသည့် NOK AIR လေကြောင်းလိုင်းကို ယာယီနိုင်ငံကူးလက်မှတ်ဖြင့် စီးနင်းခွင့် မရှိကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတဦးက အတည်ပြုပြောကြားပါတယ်။

အခုတင်ထားတဲ့ပုံကတော့ ဒီနေ့ ၁၂ နာရီလောက်က မော်လမြိုင်ကနေ မဲဆောက်လေဆိပ်ကိုရောက်ရှိလာတဲ့ လေယာဉ်ပါ။

ရွှေမြန်မာတွေ တယောက်မှ ပါမလာပါဘူး ခင်ဗျား။
အသွားအပြန်ထိုင်းနိုင်ငံသားတွေပဲ ရှိပါတယ်။

မော်လမြိုင်က ဧည့်လမ်းညွှန်တဦးပြောတာက အချို့ကိစ္စတွေမြန်မာဘက်က အရံသင့်မရှိသေးတာကြောင့်လို့ ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ - မန်းမျိုးမြင့် (မီဒီယာ)
ဖေ့စ်ဘုတ်
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved