ပန်းချီဆရာ သန်းဌေး (ခ) စံဦးရဲ့ တကိုယ်တော် ပန်းချီ ပြပွဲ

Thursday, September 26, 2013

 Life and Nature အမည်ဖြင့် ပန်းချီဆရာ သန်းဌေး (ခ) စံဦး၏ တကိုယ်တော် ပန်းချီပြပွဲကို လာမည့်  
အောက်တိုဘာ ၅ မှ ၁၁ ရက်နေ့အထိ၊ အမှတ် ၃၀၄၊ ယောမင်းကြီးလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်ရှိ န၀ဒေသာလာ ပန်းချီပြခန်းမှာ ပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။



 ပြပွဲမှာ ၄ ပေ ၅ ပေ အရွယ် ပန်းချီကား ၂၀ ခန့်ကို ပေါင်းစပ်လျက် Mega Panorama ဟု ဆိုနိုင်သည့်  
မြင်ကွင်းပြန့်ကျယ် ပန်းချီကားကြီးကို ပြသမှာဖြစ်တယ်လို့ လည်း သိရပါတယ်။ ပန်းချီဆရာ သန်းဌေး (ခ) စံဦးဟာ ဂျပန်နိုင်ငံမှာ Urayasy City (Mayor Prize), Urayasu City (2nd and 3rd Prize), Seiko Ten (Best Painting Prize), Technic Prize, Fuji TV Award နှင့် မြန်မာနိုင်ငံမှာ ထွန်းဖောင်ဒေးရှင်းဘဏ် ဆု တွေလည် ရရှိခဲ့တယ်လို့ သိရပါတယ်။

 နိုင်ငံတကာ ပြပွဲအနေနဲ့ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်နိုင်ငံတွေ မှာ ပြပွဲများတင်ဆက်နိုင်ခဲ့ပြီး  
ပြည်တွင်း အုပ်စုပြပွဲများစွာမှာ ပါဝင်ပြသနိုင်ခဲ့ပါတယ်။ ပန်းချီဆရာ သန်းဌေး (ခ) စံဦးရဲ့ Life and Nature တကိုယ်တော် အနုပညာပြပွဲမှာ တင်ဆက်မယ့် အဲဒီပန်းချီကား ထဲမှာရေးဆွဲထားတာက မြန်မာ့သဘာဝ ရှုခင်းကို အမြင်တမျိုး၊ အသွင်မျိုးဖြင့် ရေးဆွဲထားတာဖြစ်ပြီး၊ သူ့ဘ၀ သူ့ဖြတ်သန်းမှု အတွေ့အကြုံက ရရှိ ထားတဲ့ အနုပညာ ဖန်တီးတင်ပြမှုနဲ့ ပေါင်းစပ်ရေးဆွဲထားတာလို့ ဆိုရမှာပါ။

နိုင်စွမ်း~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved