မြန်မာ့ပညာရေးမှာ အကြီးအကျယ် လွဲချော်မှုတခု

Thursday, September 26, 2013

မြန်မာ့ပညာရေး ဘယ်လို အခြေအနေရှိမယ်ဆိုတာ အထင်ရှားဆုံးပြလိုက်တဲ့သာဓကတခုကတော့ ပဉ္စမတန်း ပထ၀ီ စာအုပ်က သက်သေထူနေပါတယ်။ 


ပဉ္စမတန်း ပထ၀ီ ပြဋ္ဌာန်း ဖတ်စာအုပ်၊ ဓာတ်ပုံ- Ayeaye Than's Facebook

ကျောင်းသားမိဘ တဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာပါ။ သူ့သား စာကျက်တာ နားထောင်ရင်း တခုခု လွဲနေတာကို သတိ ထားမိလို့ ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တဲ့အခါ အခု ဓာတ်ပုံထဲမှာလို အကြီးအကျယ်လွဲမှားနေတာ တွေ့လိုက်ရပါတယ်တဲ့။ 

မြန်မာ့ပညာရေး ဘယ်လို အကြီးအကျယ်လွဲမှားနေလဲဆိုတာ အခု ဒီဓာတ်ပုံက သက်သေထူနေပါ တယ်။ 

မြန်မာပြည်မြေပုံမှာ အနောက်ဖက် တောင်တန်းဒေသကို ညွှန်းဆိုထားပုံက အရှေ့ဘက် ကုန်းမြင့်ဒေသပုံ လို့ ပြဆို ထားပြီး အရှေ့ဘက်ကုန်းမြေမြင့်ကိုတော့ အနောက်ဘက် တောင်တန်းဒေသလို့ ညွှန်းဆိုပြသ ထားပါတယ်။ 

ဒီလို ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ကြားပို့ချတဲ့ မြန်မာပညာရေး အတွက် ကျောင်းသားမိဘတွေက အစိုးရ
ကျောင်းမှာ သူတို့ သား၊ သမီးတွေကို ပညာသင်စေဖို့ အတော်တွန့်ဆုတ်သွားစေခဲ့ပါတယ်။ 

မြန်မာ့ပညာရေး ဘယ်လို အဆင့်အတန်း ရှိတယ်ဆိုတာ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။ 

အိမ့်သံစဉ် ~

7 comments :

  1. ဒီလိုထောက်ပြနိုင်တာ ကောင်းတာပေါ. အမကြီး ၊ ပညာရေးဝန်ကြီးဌာနက လူကြီးတွေလည်း အတန်းလိုက် ဘာသာရပ် သင်ရိုးညွှန်းတန်းတွေကို ပြန်လည်စိစစ်သင့်နေပါပြီ မြန်မာနိုင်ငံမှာ အပေါ်ပိုင်းက အစိုးရအဖွဲ.အနေနဲ. မူဝါဒတွေ လမ်းညွှန်ချက်တွေ ကောင်းနေပေမဲ. အောက်ခြေအဆင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ.မှ မြို.နယ်၊ခရိုင်၊တိုင်း/ပြည်နယ်ဒေသ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာတွေ ပြုပြင်ဖို. အများကြီးလိုနေပါသေးတယ်၊ဌာနတိုင်းရဲ.လက်ကျန်လူဟောင်းတွေက ၀န်ထမ်းအသစ်တွေကို ဖျက်ဆီးနေကြပါတယ်၊လူနည်းစုသာကောင်းကြတာပါ၊ပြုပြင်စရာတွေ အများကြီးရှိနေပါသေးတယ်။

  1. Dr.နှင်း မောင် said... :

    သင် ရိုး လွဲ မှု အ ပြင် တက္ကသိုလ် ဝင် စာ မေး ပွဲ အ မှတ် ခြစ် ရာ မှာ ဘာ သာ ရပ် အ ပေါ် မ ကျွမ်း ကျင် တာ ကြောင့် အ မှတ် ပေး စည်း မျဉ်း နဲ့ တ ပုံ စံ ထဲ မ တူ ရင် အမှား ပေး တာ တော် တော် ဆိုး ပါ တယ်။ အ မှတ် ပေး စည်း မျဉ်း ဆို တာ ဒေါင့် စုံ အောင် ရေး တာ ရှား ပါ တယ်။အ ဖြေ ၂ မျိုး ထက် ပို ရေး တာ ရှား ပါ တယ်။ အ မှတ် ခြစ် သူ တ ချို့ ဟာ is called နဲ့ is defined လွဲ ရင် အ မှား ပေး ပါ တယ်။they did not have the sense နဲ့ they had no sense ပြင် ရေး ရင် အ မှားပေးပါ တယ်။တချို့  ဆို ကိုယ့် ဘာ သာ ရပ် မ ဟုတ် ပဲ ခြစ် ရ ပါ တယ်။ B.Ed ဆို တာ နဲ့ ဘာ သာ အား လုံး မ ပိုင် ပါ။စော် ကား ခြင်း မ ဟုတ် ပါ။အ မှတ် ထွက် လာ တဲ့ အ ပေါ် အ မှား အ ယွင်းအ တွက် လုံး ဝတာ ဝန် မယူ ပါ ။ စာ စစ် ဌာန တွေ မှာ complaint section ရှိ ပေ မဲ့ အ ဆင့် ၂ မှား ယွင်း မှု အ ပေါ်အ ရေး ယူ ခံ ရ မှာ မ လို့  ပြင် မ ပေး ပါ။တချို့ ခ လေး တွေ ဟာ အ စိုး ရ စာ မေးပွဲ နဲ့ TOEFL အတူ ၂ နီး ပါး ဖြေ ရာ မှာ အ စိုး ရ စာ မေး ပွဲ D မ ရ ပဲ TOEFL မှာ ၆၀၀ တွေ ၅၀၀ ကျော် တွေ ရ ပါ တယ်။ ဘယ် လောက် တော်၂ ကြိုး စား၂ အ ရည် မ ပြည့် တဲ့ စာ စစ် သူ တွေ လက် ထဲ မှာ ဒု က္ခ ရောက် ရည် မှန်း ချက် ပျောက် ရ ပါ တယ်။စာ စစ် နိင် တဲ့ အ ရည် အ သွေး မ ရှိ တဲ့ ဆရာ မ တွေ စစ် ထား တဲ့ အောင် စာ ရင်း ဟာ တာ ဝန် ယူ နိင် မှု လုံး ဝ မ ရှိ ပါ။ Quality လုံး ဝ မဲ့ ပါ တယ်။ နစ် စဉ် အ များ အ ပြား နစ် နာ ကြ ရ ပါ တယ်။သေ ချာ တတ် အောင် သင် သေ ချာ မေး ခွန်း ထုတ် သေ ချာ စစ် ဆေး စေ ချင် ပါ တယ်။ရေး သူ ဟာ ပ ညာ ရေး နယ် ပယ် က ပါ ပဲ။အား လုံး ကို တာ ဝန် ယူ မှု ရှိ စေ ချင် ပါ တယ်။အ ထူး သ ဖြင့် complaint section အ လုပ် မ လုပ် ခြင်း ဟာ အ လွန် ရှက် ဖို့ ကောင်း ကျောင်း သား များ အ နစ် နာ ရ ဆုံး ဖြစ် ပါတယ်။

  1. Anonymous said... :

    ပုံ (၂-၄) မှာ ပြထားတာ ရခိုင်ကမ်းမြှောင်ဒေသကို ပြတာ မဟုတ်ပါဘူး ... အနောက်ဘက်ကုန်းမြင့်ဒေသကို ပြထားတာပါ ... ရခိုင်ကမ်းမြှောင်ဒေသက ဖြူနေတဲ့ အပိုင်းသေးသေးလေးပါ ... ပုံနှိပ်က ပုံနှစ်ပုံကို ခေါင်းစဉ်မှားတပ်ထားတာဟုတ်ပါတယ် ... သူများမှားတာကို ထောက်ပြချင်ရင် ကိုယ်လဲ မှန်ဖို့တော့လိုပါတယ်

  1. Unknown said... :

    ထောက်ပြချင်တာတစ်ခုကတော့ ပထဝီနဲ့ပက်

    သက်ပြီး ဆရာမတချို့ဟာ ကျောင်းသား/သူ

    လေးတွေကို ပုံဆွဲခိုင်းခြင်းပါ။ဆရာမတွေဟာ

    ပုံဆွဲနည်းဆွဲပုံကို သူတို့ကိုယ်တိုင် ဆွဲမပြဘဲ

    ကလေးတွေကို ဆွဲခိုင်းခြင်းပါဘဲ။ဝတ်ကျေ

    တန်းကျေလောက်သာ သင်ကြားတယ်လို့မြင်

    မိပါတယ်။ကျွန်သမီးဟာငါးတန်းကလေး တစ်

    ယောက်ပါ။ကျောင်းကနေအိမ်ပြလာရင် ပထဝီ

    နဲ့ပက်သက်ရင် ဒီပုံကဘယ်ဆွဲရတာလဲလို့အမြဲ

    မေးပါတယ်။မဆွဲပြဘူးလား မေးရင် ဆွဲဘဲဆွဲ

    ခိုင်းတယ် သင်မပြဘူးဘဲဖြေပါတယ်။ဒီ

    လောက်ပဲထောပြပါရစေ။ ပညာရေးမှာ ဝါး

    တားတား ဆရာမတွေ အများကြီးရှိနေတယ်

    ဆိုတာသိစေချင်ပါတယ်။


  1. KTN said... :

    ရေးရမယ်ဆို ရေးမဆုံးပေါင်ပါပဲ ကလေးတွေကို ကွက်လပ်ဖြည့် ကျက်ခိုင်းတာကို စာကြောင်းတောင် အပြည့်အစုံမပေးတော့ပဲ ဖြည့်ရမယ့် စာလုံးကိုပဲ ကျက်ခိုင်းတာတွေလဲ အများကြီးပဲ

  1. Anonymous said... :

    တရုပ်ဓါတ်ငွေ့ပိုက်လိုင်းကာကွယ်ရေး မဟာဗျူဟာတခုလို့တောင် အရူးတွေး တွေးချင်စိတ်ပေါက်လာတယ်..အညာရေးမူးတို့ရယ်.....ကြည်လုပ်ပါအုံး။။

  1. Unknown said... :

    First of all " Greatful Thanks to Aye Aye Than "" the founder of error page on Grade 6 book. Luckly it was is Burmese language subject.
    View putting on Facebook is not enough, should directly inform to the Minister too. Because now is a new minister. Isn't it? Self understanding present day the roll of the Government position is positively changing and they will well come the positive and truly need suggestions for them.
    Recall :: When I was under training period, the Minister visiting and inspected one of the Five Star vessel in Rangoon port. The vessel was arrving delay and minister quary to the navigator for the reason. The office from the vessel answer politly " Deleyed because of the Bad Weather."". Than the Minister immidiately given suggestions to the officer "" If due to the weather bad replace with the new one"". That is MASALA Rulling the country periods. Not this present government...
    For myself agreed with high light on the error point and same we all should given good suggestion to the right person how we can avoid in the future for similler mistake.
    ****
    So many of our educators inside the country and outside the country can participate the topic for good workout.
    ****
    Beware ***** ASEAN AEC 2015 is almost stepin so are we ready for that?
    ***
    Thanks again to Aye Aye Than

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved