မယ်ကမ္ဘာဗိုလ်လုပွဲတက်မယ့်သူများရဲ့ ပင်လယ်ကမ်းခြေဖက်ရှင်

Monday, September 16, 2013


 ~

ရန်ကုန်မှာ ပြာရီမှိုင်းကာမို့မို ဖြစ်နေပေမယ့် ပိုလာဘာလီမှာတော့ ရာသီဥတုက အင်မတန် ကောင်းနေတဲ့အတွက် မြင်ကွင်းတွေ ကြည်လင်လှပနေတာကို မယ်ကမ္ဘာပြိုင်ပွဲအင်တာနက်စာမျက်နှာကတဆင့် တွေ့နေရပါပြီ။



အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း  မယ်ကမ္ဘာပြိုင်ပွဲ ဆန်ကာတင် ၁၁ ဦး စာရင်းဝင်သူတွေဟာ တနင်္ဂနွေနေ့က ပင်လယ်ကမ်းခြေမှာ အလှဓာတ်ပုံရိုက်ကြပါတယ်။
ဒါဟာ ကမ်းခြေဖက်ရှင်ပြိုင်ပွဲရဲ့ အစီအစဉ်တခုလည်း ဖြစ်ပါတယ် တဲ့။
ဒီအစီအစဉ်မှာ ဘယ်သူက ဖက်ရှင်အကျဆုံး စတိုင်အကျဆုံး ကြည့်ကောင်းလှပမှုအရှိဆုံးလဲ ဆိုတာကိုတော့ ဒိုင်လူကြီးတွေက ဆုံးဖြတ်ပြီး ပြိုင်ပွဲကြီးရဲ့နောက်ဆုံးနေ့ (လာမယ့် ၂၈ ရက်နေ့) မှာ ကြေညာမှာပါ။

ဘီကီနီနဲ့ သဟဇာတဖြစ်တဲ့ ဘာလီကျွန်း ရောက်နေကြပေမယ့် နိုင်ငံတကာ အလှအပတွေရဲ့ ဖော်ပြမှုက ပွင့်လင်းမြင်သာမှု နည်းနေတာ ဘာကြောင့်လဲ။
ဒီအကြောင်းကိုတော့ ဧရာဝတီ့ဘလော့မှာ ရေးခဲ့တဲ့     Miss World 2013 ပြိုင်ပွဲ နေရာ ပြောင်းရွှေ့ ကျင်းပ  http://blog.irrawaddy.org/2013/09/miss-world-2013.html ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

ဧရာဝတီ ပင်မ စာမျက်နှာမှာ ဒီညနေပိုင်း "တင်လိုက်တဲ့ ၅၂ နှစ်အတွင်း ပထမဆုံး မြန်မာနိုင်ငံ ကိုယ်စားပြု မယ်စကြဝဠာ ပြိုင်ပွဲဝင် စေလွှတ်မည်" http://burma.irrawaddy.org/archives/48078 ဆိုတဲ့ သတင်းကလည်း ဆက်စပ် ဖတ်ရှုချင်စရာ ကောင်းပါလိမ့်မယ်။

ဗိုလ်လုပွဲတက်မယ့် ဆန်ကာတင် ၁၁ ဦးမှာ အာရှသူ အများအပြား ပါဝင်တာကို တွေ့ရပါလိမ့်မယ်။
သူတို့ရဲ့ ပုံများကိုလည်း နိုင်ငံအမည်၊ အလှမယ်အမည်နဲ့တကွ ပြိုင်ပွဲဝက်ဆိုက်ကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။
ဒါကြောင့် ဒီနှစ်အတွက် ကမ္ဘာ့အလှမယ် သရဖူဆောင်းမယ့်သူဟာ အာရှတိုက်ကလည်း ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

Ghana - Carranzar Naa Okailey Shooter

ဆက်စပ်
-

ဘာလီမှာ အချောအလှတွေ စုဝေးကြပြီ  
 http://blog.irrawaddy.org/2013/09/blog-post_9072.html

ဂေါက်သီးရိုက်ကြတဲ့ မယ်ကမ္ဘာပြိုင်ပွဲဝင်သူများ  
http://blog.irrawaddy.org/2013/09/blog-post_2737.html





 Brazil - Sancler Frantz

 France - Marine Lorphelin

 Philippines - Megan Young

 Moldova - Valeriya Tsurkan

 Jamaica - Gina Hargitay

 Spain - Elena Ibarbia Jiménez

 China - Wei Wei Yu

Ukraine - Anna Zaiachkivska

 Indonesia - Vania Larissa




 ~


 

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved