တနေ့ ၄ မိနစ်လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန်လျှော့ချမယ်

Wednesday, September 25, 2013

အချိန်တိုအတွင်း ကိုယ်အလေးချိန် ကျစေတဲ့ လေ့ကျင့်ခန်း တခုပါ။ တနေ့ ကို အချိန် ၄ မိနစ်ကြာ 
လေ့ကျင့်ခန်း လုပ်ယုံနဲ့ ဘယ်လိုလုပ် ကိုယ်အလေးချိန်ကျမှာလဲ မေးခွန်းထုတ်နေသူ ရှိနေပါလိမ့်မယ်။ မယုံရင် လက်တွေ့လုပ်ကြည့်လိုက်ပါ။ 





ပျော်စရာလည်း ကောင်းပြီး လွယ်ကူတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ကို လုပ်တာနဲ့ ၁၅ ရက်အတွင်း ၀မ်းဗိုက်မှာ ရှိနေတဲ့ အဆီတွေ ကျစေပြီး ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းစေမယ့် နည်းလမ်းကောင်း တခုဖြစ်ပါတယ်လို့ Yuru က ဆိုထားပါတယ်။

အခု ရုပ်သံမှာ ပြသထားတဲ့အတိုင်း နေ့စဉ် ပုံမှန် လုပ်ဆောင်သွားမယ်ဆိုရင် အချိန်တိုအတွင်း သိသိ သာသာ ခန္ဓာကိုယ်တွင်းက အဆီတွေကျသွားပြီး ကိုယ်အလေးချိန်ကလည်း သိသိလျော့သွားမယ်လို့ ဆိုထားပါတယ်။

ကိုယ်အလေးချိန် လိုတာထက် ပိုများနေတတ်တာ၊ အဆီတွေ ပိုများတာတွေဟာ ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ အဆီကျ၊ ကိုယ်အလေးချိန်ကျတဲ့ အခု နည်းလမ်းလေးက ကျန်းမာရေး ကောင်းဖို့ အတွက် အထောက်အကူပြုပါလိမ့်မယ်။ 

တဖက်ကလည်း လေ့ကျင့်ခန်းလုပ်လို့ အစားကို ပိုစားတာမျိုး၊ ပိုအိပ်တာမျိုးကိုတော့ သတိထား ရှောင်ရှားရပါလိမ့်မယ်။



အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved