လေယာဉ်ပြေးလမ်းချော်ရခြင်း အကြောင်းရင်း

Friday, September 6, 2013

 ~



လေယာဉ်တစ်စီး ပြေးလမ်းချော်ပြီး မတော်တဆ ထိခိုက်မှု ဖြစ်ခဲ့ပါတယ်။

ဘာ့ကြောင့် ပြေးလမ်းချော်ရတာလဲဆိုတာ သိချင်လို့ ဝါရင့်လေယာဉ်မှူးကြီးက အဲဒီလေယာဉ်ကို မောင်းခဲ့တဲ့ သူ့တပည့်လေယာဉ်မှူးလေးကို စစ်ဆေးမေးမြန်းနေပါတယ်… … 

 



“အဲဒီကွင်းကို ဆင်းတဲ့ အချိန်တုန်းက ရာသီဥတု ကောင်းတယ်မလား”
“ကောင်းပါတယ်ခင်ဗျ၊ ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်”

“လေယာဉ်ဘီးရော ချလို့ရတယ်မလား”
“ရပါတယ်ခင်ဗျ”

“လေယာဉ်ရဲ့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းလို့လား”
“အင်ဂျင်ပိုင်းလည်း အားလုံးကောင်းပါတယ် ဆရာ”

“ဒါဆို ဘာလို့ ပြေလမ်းချော်ကျရတာလဲကွ”
“ပြေးလမ်းကြောင့်ပါ”

“ပြေးလမ်းက ဘာဖြစ်လို့လဲ”

လေယာဉ်မှူးလေးရဲ့ အဖြေက စိတ်ဝင်စားဖို့ ကောင်းတယ်… …

“ပြေးလမ်းက ပေ ၃၀ လောက်ပဲ ရှည်တယ်ဆရာ”

“ဟေ…. ဟုတ်လား”
“ဟုတ်တယ်ဆရာရဲ့၊ အရှည်ကသာ ပေ ၃၀ ထဲရှိတာ၊ ပြေးလမ်း အကျယ်ကျတော့ မလိုအပ်ဘဲ တစ်မိုင်ခွဲလောက် လုပ်ထားတယ် ဆရာရဲ့”

အဲဒီတော့မှ လေယာဉ်မှူးကြီးလည်း သဘောပေါက်သွားပြီး သူ့တပည့်ကို ဖနောင်နဲ့ ထပေါက်ရင်း ပြောလိုက်တယ်… …

“ခွေးမသား
၊ နင့်ဟာနင် မှားပြီး ပြေးလမ်းကို ကန့်လန့် ဆင်းမိရင် ဆင်းမိတယ် မပြောဘူး။
အင့်ဟာ.. ဖုန်း

“အောင်မငှီး ဗြန့်…”


(သန်၎ကို ပေါက်ကရရေးသည်)


 (သန်၎ကိုရဲ့ ဟာသများကို http://blog.irrawaddy.org/search/label/Than%20Lay%20Ko မှာ ဖတ်နိုင်ပါပြီ)
 



.

1 comments :

  1. Unknown said... :

    ဟာသလေးကမိုက်တယ်နော်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved