သေနတ်ဒဏ်ရာတွေနဲ့ လင်မယား ဘာကြောင့် သေဆုံး သွား

Tuesday, September 10, 2013

စိတ်ဝင်စားစရာ ကောင်းတဲ့ လူသတ်မှု သတင်း တခုပါ။ အဖြစ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်းက နောင်ကိုင်ရွာမှာ လင်မယား ၂ ဦး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံး သွားကြတာပါ။

 သေနတ်ဒဏ်ရာများနဲ့ သေဆုံးနေတဲ့ လင်မယား၊ ဓာတ်ပုံ- မြ၀တီနေ့စဉ် 

အခင်းဖြစ်ရပ်က စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခွဲလောက်က အဆိုပါ လင်မယား ၂ ဦး သေနတ် ဒဏ်ရာတွေနဲ့ သေးဆုံးသွားတာကို တာဝန်ရှိသူတွေ သွား စစ်ဆေးရာမှာတော့ အနီးမှာ ပွိုင့် ၃၀ ကာဘိုင် သေနတ်ကျည်ခွံ ၁၅ ခုလောက် တွေ့ရတယ်အတွက် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးတာမှာ စိတ်ဝင် စားစရာ လူသတ်မှုဖြစ်လာပါတယ်။ 

ဒီသတင်းကို မြ၀တီနေ့စဉ် သတင်းစာမျက်နှာမှာ ယနေ့ ဖော်ပြထားကတော့ "၄င်းတို့ နှစ်ဦးသည် ကျေးရွာ အတွင်း အောက်လမ်း အတတ်ပညာများဖြင့် ပြုစား လုပ်ကြံ နေသူများ အဖြစ် သတင်းထွက် နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသားများမှ ကျေနပ်မှု မရှိကြောင်း နှင့် အဆိုပါ လင်မယား နှစ်ဦး သေဆုံးသည့် ဖြစ်စဉ်အား ကော့ကရိတ် မြို့နယ် မြို့မရဲစခန်း မှ အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်" လို့ The Myawady Daily က ဆိုထားပါတယ်။

အဆိုပါ သတင်းဖြစ်စဉ်အရ အောက်လမ်း အတတ်ပညာ သုံးလို့ သေဆုံးသူ လင်းမယားကို သတ်လိုက်ကြတယ်ဆိုတဲ့ သဘော ဖြစ်နေပြီး မြန်မာနိုင်ငံမှာ ဒီလိုမျိုး အယူသီးမှုတွေ ဘယ်လောက် ရှိနေတယ်ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။ 




အိမ့်သံစဉ် ~ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved