NLD ပါတီ တည်ထောင်ခြင်း ငွေရတု အခမ်းအနားမြင်ကွင်းတချို့

Saturday, September 28, 2013

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတု နှစ်ပတ်လည်နေ့ အခမ်း အနား ကို စက်တင်ဘာလ ၂၇ ရက်နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ ပါတီရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်၊ ဓာတ်ပုံ- NLD

အခမ်းအနားမှာ NLD သဘာပတိ အဖွဲ့ဝင် ဦးတင်ဦးက အဖွင့်အမှာစကားပြောကြားပြီး NLD ပါတီ ဥက္ကဌ 
ဒေါ်အောင်ဆန်းစုကြည် ကအမှာစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားကို သံတမန်တွေ၊ ၀ါရင့်နိုင် ငံရေးသမားကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ ၈၈ မျိုးဆက်၊ ငြိမ်းချမ်း/ ပွင့် လင်းအဖွဲ့က ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေတက်ရောက်ခဲ့ကြပါတယ်။ 



အခမ်းအနား ဒုတိယ ပိုင်းမှာ ပန်းရဲ့ လမ်းနဲ့ ပန်းပျိုးလက် တေးဂီတအဖွဲ့က ဧည့်ခံဖျော်ဖြေခဲ့ကြတယ်လို့ NLD က ဖေ့စ်ဘုတ်စာမျက်နှာမှာ ထုတ်ပြန် ထားပါတယ်။ 












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved