ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

Friday, October 18, 2013



ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ကျောင်းသား/ ကျောင်းသူတွေကို 
မေတ္တာရပ်ခံစာ တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။ 




အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။ 

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်း 
ပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။ 

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာ အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့ မေတ္တာရပ်ခံလွှာ" ၊ 

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် - 

 " ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူအပေါင်းတို့ခင်ဗျာ... - 

ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်းအားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။ 

မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလိုသည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။ 

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကို 
ဖြေကြားလိုပါသည်။

ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်
နေ့စဉ် Video ရိုက်ကူးခတို့ဖြစ်ကြပါသည်။

ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။ 

ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။ 

ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီြး
 ဖြစ်ပါသည်။ 

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြလိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍ စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။ 

ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်းလည်းမရှိသကဲ့သို့ ဘက်လိုက်
ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်မည်မဟုတ်ပါ။ 

ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကိုရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခုစဉ်းစားစေလိုပါသည်။ 

မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူ 
ဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့် လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း?? 

မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း?? 

မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်းဆောင်ရွက်မည်နည်း?? 

မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း?? 

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊ 

မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊ 

ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊ 

မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲ ကိုမှ လည်း ထိုးကြိတ်အနိုင်ကျင့်ခြင်းမရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေအထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။ 

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါ မည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြိုသည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ - 

မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်) ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်းပခြင်းဖြစ်ပါသည်။ 

မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊ ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။ 

မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီ 
ဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်းတူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝရှိပါသည်။ 

 - သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

 နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်းသားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။ 

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 


အိမ့်သံစဉ် ~

33 comments :

  1. Anonymous said... :

    ဒါစိတ်ရင်းဆိုရင်လေးစားပါတယ် ညီငယ်ပရဟိတလုပ်ရင်းကြိုးစားရင် ပိုအောင်မြင်မယ်ထင်တယ်

  1. Anonymous said... :

    အားပေးပါတယ်ညီ။ညီမှာဒီလိုစိတ်ဓါတ်မျိုးရှိတာဝမ်းသာပါတယ်ကွာ။တကယ်တော့အာဏာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေချမ်းသာသာစဉ်းရဲရဲလူဟာလူပါပဲကွာ။ဘဝသမိုင်းမှာမရိုင်းအောင်လုပ်ခဲ့ရင်လူသေသော်လည်းနာမည်ကျန်မှာပါ။

  1. Thaw zin said... :

    အနော် ကျောင်းတက်တုန်းတလျောက်မှာလည်း ဖိုးလပြည့်ဆိုးတယ်ဆိုတာမကြားခဲ့ပါဘူး ဘက်မလိုက်တတ်တော့ ကြားခဲ့တယ် အဲ့စိတ်ဓာတ်တစ်ခုတည်နဲ့တင် တော်တော်လေးစားခဲ့တာ :)

  1. Anonymous said... :

    သိဘူးဟေ့ တို့လဲ။ မီဒီယာကဆိုးလှချေလား

  1. ပြည်သူ့ သဘောထားလိုလို ( ရုရှား) သဘောထားလိုလိုနဲ့  အကောင့်ခွဲပြီး ၆ မိနစ်အတွင်း တစ်ယောက်ထဲ က သုံးခါခွဲပြီး ကော်မန့် ပေးသွားတယ်။
    Trader hotel ဗုံး ဇာတ်လမ်းလို ပဲ အခုတလော ဇာတ်ညွှန်း ဆရာတွေ တော်တော်ညံတယ်။
    လူယုံအောင် မလုပ်တတ်ဘူး။

  1. Anonymous said... :

    အချိန်တန်ရင်.. မှန်ကန်တဲ့သစ္စာ ကဘဲ စကားပြော ပါတယ်။ စိတ်ထားမကောင်းသူ.. သူတပါး ထိခိုက်အောင် စိတ်ပုတ်သူကတော့ ဖိုးလပြည့်မဟုတ်ဘဲ ဘယ်သူ ဖြစ်ဖြစ် ဘယ်ဘာသာဖြစ်ဖြစ် ဘုရား ရိုက် အပယ် ကျတာပါဘဲ။ မိမိ ကိုယ်ကို ကောင်းအောင် သာ လူင်ယတွေ ထိန်းကျောင်းသင့်ပါတယ်။ မိဘ၊ ဘုရား၊ ကိုယ်စောင့်နတ် ဘယ်လောက်သွန်သင်..ကိုယ်ကို တိုင်က မထိန်းကွပ်ရင် အပယ်ပါ။

  1. Ye0233 said... :

    We know you since the beginning brother...all the best!

  1. ကိုရင်လူထွက်ငပိချက် said... :

    သူဟာ မြန်မာ
    သူဟာဗုဒ္ဓဘာသာဝင်
    သူဟာဘောလုံးအားကစားကိုချစ်တယ်
    သူဟာ သူတတ်နိုင်တာကို လုပ်ပေးတယ်
    သူဟာပုထုဇဉ်
    သူဟာ အမှားတွေကိုလုပ်တယ်
    သူဟာအမှန်တွေကိုလည်းလုပ်တယ်
    သူဟာတို့ နိုင်ငံထဲမှာနေတယ်
    သူ့ ကြောင့်တို့ တွေဆင်းရဲတယ်ဆိုတာ တကယ်ဟုတ်လို့ လား
    သူ့ ကြောင့်တို့ တွေချမ်းသာတာတကယ်ဟုတ်လို့ လား
    သူကြောင့် တို့ ဆန်အိုးထဲက ဆန်တွေပျောက်သွားလို့ လား
    သူကြောင့်တို့ သံဃာတွေ ဆွမ်းငတ်လို့ လား
    သူ့ အသားအယောင်ဟာ ငါတို့ နဲ့ ကွဲပြားလို့ လား
    သူ့ မှာအကျင်နာတရားမရှိဘူးလို့ မင်းတို့ တကယ်ယုံလား
    သူဟာ လူတွေကိုရက်ရက်စက်စက်သတ်ဖူးလား
    အခုသူလုပ်နေတာအားကစား
    အားကစားမှာ အသွေးအရောင်ခွဲလို့ ရလား
    ရန်သူလို့ မင်းတို့ သတ်မှတ်ရင်တောင်
    အားကစားပွဲမှာ ယာယီချစ်ကြည်ရေးလုပ်ရမယ်လေ
    အိုလံပစ်ဆိုတာ သံလွင်ခက်နဲ့ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်ခဲ့တာ
    စစ်ပွဲတွေရပ်ဆိုင်းခဲ့တာ
    အမဲနဲ့ အဖြူ လက်ချင်းချိတ်ခဲ့တာ
    အညိုနဲ့ အဝါ လက်တွဲခဲ့တာ
    မင်းတို့ မေ့လိုက်ပြီလား
    မင်းတို့ မသိချင်ယောင်ဆောင်နေတာလား
    ငါအာဏာရှင်စနစ်ကိုမုန်းတယ်
    ငါနေရွှေသွေးအောင်ကိုမမုန်းဘူး
    ဘာဖြစ်လို့ လည်း
    သူဟာ မြန်မာ
    သူဟာငါတို့ နိုင်ငံမှာနေတယ်
    ဘယ်သူက အလုံးစုံမှန်နေလည်း
    သူမှားတယ်ဆိုရင်တောင် မှန်ခွင့်မရှိဘူးလား
    သူ့ ကိုမှန်ဖို့ လက်မတွဲချင်ဘူးလား
    ငါလက်တွေဖြန့် ထားပါတယ်
    သူမှန်ဖို့ ကျိုးစားနေတာကို လက်ချင်းချိတ်ခြင်လို့ 
    ငါလက်ကမ်းထားပါတယ်
    ငါတို့ ညီအကိုတွေဖြစ်ကြလို့ 
    ငါအားကစားကိုချစ်တယ်
    ငါဘေားလုံးကိုချစ်တယ်
    သူအာားးကိုချစ်တယ်
    သူဘောလုံးကိုချစ်တယ်
    ငါတို့ လက်တွဲခေါ်ဖို့  ဘယ်လိုအာဃာတ တွေက
    တားဆီးနိုင်ကြမှာလည်း
    နေရွှေသွေးအောင်
    မင်းမျက်ရည်မကျနဲ့ 
    မင်းဟာမြန်မာ
    ဒူးထောက်တယ်ဆိုတာ
    မြန်မာတွေရဲ့ အသိမ်ဖျင်းဆုံးအပြုအမူ
    မင်းလောကဓံကို ရင်ကော့ခံစမ်းပါ
    စိတ်ထားဖြူသူတွေမင်းကို လက်တွဲပါလိမ့်မယ်
    မင်းရဲ့ စည်းစိမ်
    မင်းရဲ့ အာဏာ
    မင်းရဲ့ ဘုန်းတန်ခိုး
    အားလုံးကို ဇီးရိုးလို့ သဘောထား
    မင်းဟာ မင်းသားမဟုတ်လည်း
    မြန်မာတစ်ယောက်ဆိုတာလေးနဲ့ 
    ငါတို့ လက်တွဲ ရဲရဲကြီးရှေ့ တက်ရဲပါတယ်
    (ကိုရင်လူထွက်ငပိချက်)

  1. Anonymous said... :

    How to get money and what is his status to sit across table with professors ?All most of all know about yourself? why did some of businessman support to your ?Ordinary people also did not support.In Nargis Where did you sleep? Actually you must help to ophen,old peoples ,widows ,Uneducated people and homelsee monks etc,,

  1. Anonymous said... :

    ယုံလိုက်ချင်ပါဘိ တောင်း။

  1. Anonymous said... :

    ကိုဖိုးလပြည့်ကို ယုံတယ် ဟိုးအရင်ကတည်းကကိုဖိုးလပြည့်မရိုင်းဘူး မယုတ်မာဘူး မကောက်ကျစ်ဘူး မစော်ကားတတ်ဘူးလို့ပဲထင်ထားတယ် အရင်ကတည်းကသူ့ကို ယုံကြည်ထားပီးသား ခင်ပီးသား အားပေးနေပါတယ်

  1. Anonymous said... :

    (၁) ပါမောက္ခချုပ် နှင့် ဝန်ကြီးများက သင့်ကို လက်ခံတွေ့ဆုံ အစည်းအဝေးထိုင်ကြသည် ဆိုသည်မှာ သင့်အဘ၏ အရိပ်ကြောင့်လား၊ သင်၏ အရည်အချင်းကြောင့်လား??
    (၂) စင်္ကာံပူ ကို နေ့ချင်းပြန်ကျောင်းမတတ်ဘူးဆိုသည်ကိုတော့ ယုံကြည်ပါသည်။ ဘာ့ကြောင့်လည်း ဆိုသည်ကိုတော့လူတိုင်းသိပါလိမ့်မည်။
    (၃) မိုးစက်ဝိုင် ကိစ္စမှာတော့ ဓါတ်ပုံ ကသက်သေပါ။
    (၄) LAMBOGHINI ကားက ဘယ်သူ့ကားလဲ??

  1. Anonymous said... :

    ဒဏ်ရာ မရဘူးဆိုရင် ဘာတွေလုပ်ခဲ့သလဲ ဖြစ်ပျက်ပုံကို သေချာရှင်းပြလေ ဘာမှ မဖြစ်ခဲ့ဘူးလား နိုင်ငံတော်သမ္မတ သိဖို့ထက် ပြည်သူတွေ မီဒီယာတွေ သိဖို့လိုတယ်၊ တကယ်အဖြစ်မှန်ကဘာလဲ ပြည်သူကို သေချာရှင်းပြပါ။ တင်အောင်မြင့်ဦး ကော်ဖီဆိုင် ဖျက်ခဲ့တာလည်း ဘယ်လိုရှင်းမလဲ ဓာတ်ပုံ မီဒီယာတွေဆီမှာ ဓာတ်ပုံအထောက်အထားတွေ ရှိတယ်နော် ဒီလောက်နဲ့ ပြည်သူတွေ မယုံသေးဘူး သူများရေးပေးတဲ့စာဆိုတာ ပေါ်လွင်တယ်။ ပိုရှင်းသွားအောင် ဘက်မလိုက်တဲ့ သတင်းမီဒီယာ ဂျာနယ်တစ်ခုနဲ့ အင်တာဗျူး ဖြေကြည့်လိုက်ပါလား ပိုကောင်းတာပေါ့။

  1. Anonymous said... :

    သူဟာမင်းရဲ့အဖေလား

  1. Unknown said... :

    ညီလေးစာ ဖတ်ရတာ ကောင်းပါတယ်။ ဒါပေမဲ့ အများပြည်သူ ယုံကြည်လာအောင်ဆိုရင်တော့
    တော်တော် ကြိုးစားရလိမ့်မယ်ထင်တယ်။

  1. kokomg said... :

    ဘာမဟုပ်တဲ့ ယဉ်ထိန်းရဲက နေရင်းထိုင်ရင်း နှိင်ငံတော်မှာ အာဏာရှိနေတဲ့ အဖိုးကြီးရဲ့ မြီးကို မဟုပ်တာကိုအဟုပ်လုပ်ပြီးပြောရဲတယ်ပေါ့လေ..အံ့ရော..အံ့ရော

  1. Anonymous said... :

    သူဟာမင်းအဖေလား

  1. Anonymous said... :

    (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ်ဖြစ်)
    အဲ့ တစ် ခွန်း တော့ ကြိုက် သ ဗျ. .

  1. Anonymous said... :

    တက္ကသိုလ်တစ်ခုက တာဝန်ယူ ၀င်ပါလာရတဲ့မိတ်ဆွေက ... ငါတို့လည်း မလွန်ဆန်နိုင်ဘူး၊ ပါချုပ်ကခိုင်းတာကို။ ပါချုပ်လည်း မလွန်ဆန်နိုင်ဘူး၊ ၀န်ကြီး ဒု ၀န်ကြီးက ခိုင်းတာကို။ ၀န်ကြီး ဒုဝန်ကြီးတွေကလည်း မလွန်ဆန်နိုင်ဘူး။ ဒီကောင်လေး မလောက်လေးမလောက်စားနဲ့ ဘာလို့လူကြီးတွေက မလွန်ဆန်နိုင်လည်းတော့ မသိဘူး။ မင်းစဉ်းစားကြည့်ပေါ့။ ဒီတော့ ပွဲဖြစ်အောင်လုပ်နေရတာဘဲ။ အရှုး မြှောက်ပေးနေရတာပေါ့..တဲ့။

  1. Anonymous said... :

    DSA (30) က ကိုရင်လူထွက်ငပိချက်က သန်းရွှေမြေးကို အတော်လေးဖားနေပါလား။

  1. Anonymous said... :

    အပေါကcommentပေးတဲ့ လူတွေကြည့်လုပ်အုံးကောင်းတာတွေပဲရေးမနေနဲ့သူရိယအလင်းကိစ္စဘယ်လိုရှင်းမှာလဲ

  1. Anonymous said... :

    What occupation do you have to sponsor this event? Where did your money come from? I haven't got clue. We all all fed up with your news. No one actually care who you are now. Bare in mind that no one take shit anymore these day.

    Saw Luu

  1. မယုံတစ်ဝက် ယုံတစ်ဝက်ပါပဲ တရားပါတယ်နော့

  1. Anonymous said... :

    In Philippines, there are uncountable basketball courts built by the daughter of Marcos, the dictator. Politicians are clever in speech, polite in public, but at the back unimaginable plans are associated. Not to attack anybody but to be aware of the history of politicians of the countries.

  1. Anonymous said... :

    ဆိုးသွမ်းသူမဟုတ်ရင် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ စရာမလိုဘူးလားလို့ပဲ ရှိခဲ့ဘူးလို့နေမှာပါ။ ယာဉ်ထိန်းရဲ့နဲ့ဖြစ်တဲ့ကိစ္စ က လည်းနိုင်ငံတော်တရားသူကြီးတွေ သမ္မတတွေကို စာပို့ရုံနဲ့ပြီးတယ်ဆိုရင်တော့ ငါလည်းထိုးချင်ပါတယ်။ ပွဲလုပ်တာကရော ဘယ်ကဆုကြေးငွေနဲ့ လဲ Video ရိုက်ခတင်ဆိုရင်တော့ သာမန်ဆိုရင် တစ်နှစ်လောက်မစားမသောက်ပဲစုရင်တောင်ရနိုင်ဖို့မသေချာပါဘူး။ တော်ပါပြီကွာ နောက်ကိုဘာမှမလုပ်ပဲ ဘုန်းကြီးဝတ်ရင်တောင် ကောင်းတယ်အထင်ခံရမှာလည်းမဟုတ်ပါဘူး ငြိမ်ငြိမ်နေလိုက်တာအကောင်းဆုံပါ။ ဘာမှမလုပ်နဲ့။

  1. Anonymous said... :

    LAMBOGHINI is belonged to Tay Za's son.

  1. Anonymous said... :

    ဆိုးတဲ့သူတွေ တကယ်ကောင်းချင်လာပြီဆိုရင်တော့ သူတို့ ကို ကောင်းမွန်ခွင့်လေး ပေးလိုက်ပါဗျာ သူတို့လည်း တစ်သက်မှာ တစ်ခါလောက်တော့ ကောင်းချင်ရှာမှာပဲလေ

  1. Anonymous said... :

ူသူ့  မျက်နှာ ကို သေချာ ကြည့် ပါ။ အရွယ်နဲ့  မလိုက်အောင် လူကြီး ရုပ်ပေါက်နေ ပြီ။
    ကြည့် ရတာ တခုခု သုံး တယ် ထင်တယ်။

  1. Unknown said... :

    တစ်ကယ်ကောင်းချင်လို့ဖြေ၇ှင်းတာဆိုရင်တော့လက်ခံပေးချင်ပါတယ်။သို့သော်နိုင်ငံရေး
    မှာတော့ဝင်မလာပါနဲ့။တစ်သက်လုံးလက်မခံနိုင်ပါတော်။သတိနဲ့ဆက်ဆံရမယ့်သူတွေထဲ
    မှာသူတို့ခင်ညွန့်တို့ရွှေမန်းတို့လည်းပါတယ်နော်။ဦးသိန်းစိန်ကြီးကိုတော့မပြောတေ့ပါဘူး
    အဘကြီးကနားခိုင်းနေပြီဆိုတော့လေ။

  1. Anonymous said... :

    ခေါင်းဆောင်ဟောင်းတစ်ယောက်ရဲ့ မြေးအနေနဲ့ အကောင်းစားကားစီးပြီး ပြန်တမ်းဝင်အရာရှိ တွေနဲ့ အစည်းအဝေးတူတူထိုင်နိုင်ာ သူ.အမှားမဟုတ်ပါဘူး။ သူ.ံအကျိုးပေးက ကိုယ်တွေနဲ့မှ မတူတာလေ..
    အခု သူပြောတာ ဟုတ်မဟုတ်ကတော့ စောင့်ကြည့်ပေါ့
    သူ.အဘိုးဆိုးပေမယ့် သူကောင်းချင်ကာင်းမှာပေါ့
    သူမရွေးချယ်နိုင်တဲ့ မိသားစုမှာ မွေးဖွားလာရတာ သူ.ကံဘဲလေ..
    နာဂစ် သံဝာ အရေးခင်းစတဲ့ ကိစ္စတွေမှာ သူမပါတာ၊ သူက အဲဒီအချိန်က ကျောင်းသားလူငယ်ဘဲ ရှိဦးမှာလေ... ဒါမှမဟုတ် အဲလိုလူမှုရေးတွေထက် လူငယ်ပီပီ အားကစားလူမှုရေးကို ပိုအလေးသာတာလဲ ဖြစ်နိုငတာဘဲ...
    သူတတ်နိုင်တဲ့ဘက်က အကောင်းလုပ်ပေးနေတာဘဲ... ကျေးဇူးတင်သင့်ပါတယ်လေ.. ကိုယ်တွေမှ မလုပ်နိုင်တာ

  1. Anonymous said... :

    ကျောင်းတုန်းကလည်း လိမ္မာ သတဲ့လား ဟားဟား--- ဖိုးလပြည့် မင် အချစ်တော် တီချယ် ဒေါ်ဇာနည်ညွန့်အကြောင်းရော ထည့်ပြောပါဦး ကွ ဘာမဟုတ်တဲ့ မူလတန်းပြ ဆရာမကို အထက်တန်းအထိ မင်းဆွဲခေါ်လာတာရော သားကြီး ရှင်းစမ်းပါဦး သူမင်း တို့ငါတို့Aခန်းကိုပဲ သင်ခဲ့တာနော် သားကြီး အတန်းပိုင်အဖြစ် ၈နှစ်လောက် ကိုင်ခဲ့တာနော် သားကြီးမေ့နေပြီလား မင်းက ရိုးသားတဲ့ဖိုးသခွားလေးပေါ့ ဟုတ်လား သားကြီး ကြည့်ပြောကွာ နည်းနည်းတော့များပြီ

  1. win kyaw said... :

    မှားတော့မှားနေကြတယ်ဆိုတာသိကြလား တစ်ယောက်တည်းရှိတဲ့သူ ကို ၀ိုင်းပြောနေကြတာတရားတယ်လို့ထင်နေကြတယ်ပေါ့ ငါက ဘာမှမဟုတ်ဘူး ငါက ပြည်သူတစ်ယောက်ပါ ပြီးတော့ မင်းတို့သူ့နေရာမှာနေကြည့်ကြကွာ စိတ်ကူးထဲမှာပေါ့ သေချာပေါက် ရာနှုန်းပြည့် မင်းတို့ စိတ်ထဲတွေးကြည့်ကွာ မင်းကိုတိုက်ခိုက်ပုတ်ခတ်တဲ့သူကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ တွေးကြည့်ကြပေါ့ မင်းတို့သာဆိုသေချာပေါက် အကောက်ကြံကြမှာမို့လား ငါသာသူ့နေရာမှာဆို မင်းတို့ ဒီလို မခန့်လေးစားပြောခွင့်မရစေရဘူးကွ

  1. Anonymous said... :

    ယုံပါဘူး။ခုမှဘာထကြောင်နေတာတုန်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved