မျိုးချစ် တကိုယ်တော်စက်ဘီးသမားနဲ့ ဆီးဂိမ်းအကြို မိုင် ၁ဝဝဝ

Monday, October 21, 2013

-


တကိုယ်တော်စက်ဘီးသမား အသက် ၅၅ နှစ်အရွယ် ဦးတင်ဦးက ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်းအကြို ဂုဏ်ပြုတဲ့အနေနဲ့ မိုင် ၁ဝဝဝ
တကိုယ်တော် စက်ဘီးစီးခရီးကို ဒီကနေ့ အောက်တိုဘာ လ ၂၁ ရက်နေ့က စပြီး မှာ ဖြစ်ပါတယ်။



တကိုယ်တော်စက်ဘီးစီးသမား ဦးတင်ဦးက မြန်မာ့အမိမြေပေါက် အုန်းသားနဲ့ ကိုယ်တိုင် ပြုလုပ်ထားတဲ့ စက်ဘီးစီးဦးထုပ်ကိုအသုံးပြုမှာလည်းဖြစ်သလို အုန်းသား ကျောပိုးအိတ်လည်း ပါရှိမှာပါလို့ မြန်မာ့ရုပ်မြင် သံကြား က ပြောသွားပါတယ်။ 

ပျဉ်းမနားမြို့ကနေ တောင်ငူ၊ ပဲခူး၊ ရန်ကုန်၊ လက်ပံတန်း၊ ပြည် တောင်တွင်းကြီး မကွေး၊ မြင်းခြံ၊ မန္တလေး၊ မိတ္ထီလာ၊ စတဲ့ မြို့တွေကို ဖြတ်သန်းပြီး နေပြည်တော် ဆီးဂိမ်းရဲ့ Gold Camp အားကစားရွာမှာ ခရီးစဉ် အဆုံးသတ်မှာဖြစ်ပါတယ်။ 

သူဟာ ကိုယ်တိုင်ပြုစုပျိုးထောင်ထားတဲ့ ကျွန်းပင် ၁ဝ ပင်ကိုလည်း အထိမ်းအမှတ်စိုက်ပျိုးပေးမှာဖြစ်သလို ခရီးစဉ်တလျှောက် ကျွန်းမျိုးစေ့တွေကိုလည်း ဝေငှသွားမှာဖြစ်ပါတယ်။

  

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved