ဦးရုက္ခစိုး နဲ့ Facebook

Monday, October 21, 2013




~


အင်တာနက် ရများရလို့ကတော့ တောကြိုအုံကြား မြင်းဇောင်းမကျန် Facebook သုံးကြတဲ့ခေတ်ကို ရောက်လာပါပြီ။

အဲဒီအထဲမှာ ချင်းမိုင်ရုက္ခစိုးကြီးလည်း ပါဝင်နေပါတယ် တဲ့။ သူလည်း ဘာသားနဲ့ထုထားတာမို့လဲ???



Facebook မှာ သူက ဘာတွေ ရေးသလဲ၊ ကလစ်သလဲ ဆိုတာ သိဖို့ကတော့ ဦးရုက္ခစိုးနှင့် မုခစာအုပ် ရှင်းတန်း
http://burma.irrawaddy.org/satire/2013/10/19/49789.html ကို သွားဖတ်ဖို့ လိုပါလိမ့်မယ်။
ချင်းမိုင်ရုက္ခစိုးကြီးရဲ့
ပုံအသစ်ကို ကာတွန်းတော်တီဆွေက ပုံဖော်ထားတာပါ။

တွေ့ရတဲ့အတိုင်း သူ့ဂေဟာကနေ အရပ် ၁၆ မျက်နှာနဲ့ မိုးအောက်မြေပြင်ကို လှမ်းကြည့်နေပုံဖြစ်ပါတယ်။
ဦးရုက္ခစိုးရဲ့ ဆံပင်ပုံစံက နေပြည်တော်မှာ နေထိုင်သူ အထင်ကရတဦးရဲ့ ဆံပင်ပုံစံနဲ့ သွားဆင်တူနေသလိုလိုပါပဲ။
သို့သော်လည်း နေပြည်တော်ကလူက အထင်ကရကြီးဖြစ်တာ ၃ နှစ်ပဲ ရှိပါသေးတယ်။
ဦးရုက္ခစိုးက  ရုက္ခစိုးဖြစ်တာ ကြာလှပေါ့။
လောကမှာ နာမည်တူမရှား ဆံပင်တူမရှား မဟုတ်လား။

ကဲ ... 
ကာတွန်းတော်တီဆွေ ရဲ့ လက်ရာကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။  


 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved