သူတို့က ဘယ်သူတွေလဲ၊ ဘာလုပ်နေကြတာလဲ

Friday, November 1, 2013

~


  ကချင်လွတ်လပ်ရေး တပ်မတော် KIA  ရဲ့ လိုင်ဇာမြို့ဝန်းကျင်မှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်များရဲ့ ပုံရိပ်ကို အဲဒီနေရာ ရောက်နေတဲ့ ဧရာဝတီ သတင်းဓာတ်ပုံဆရာ ဂျေပိုင်က  မှတ်တမ်းတင်ပြီး ပေးပို့လာပါတယ်။ 



ပြည်တွင်းစစ်အခြေအနေတွေကို စာဖတ်ပရိသတ် အများအပြားက စိတ်ဝင်စားကြပေမယ့် ပြည်တွင်းစစ်ကြောင့် ပေါ်ပေါက်လာတဲ့ စစ်ပြေး ဒုက္ခသည်များရဲ့ အခြေအနေကတော့  အမေ့လျော့ခံ ဖြစ်နေတတ်ပါတယ်။

စစ်ပြေးဒုက္ခသည်များထဲမှာ ကလေးတွေ၊ မိခင်တွေကိုလည်း တွေ့ရပါလိမ့်မယ်။

ဂျေပိုင် ပေးပို့လာတဲ့ ဓာတ်ပုံတွေက သူတို့ရဲ့ အခြေအနေ တစိတ်တဒေသကို ဖော်ညွှန်းနေပါလိမ့်မယ်။

 စစ်ပြေးဒုက္ခသည်များရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ဆောင်ရွက်ပေးနေတယ်၊ ကိုယ့်အိမ်ကိုယ့်ယာကို ဘယ်တော့ ပြန်နိုင်ကြဖွယ်ရှိတယ် ဆိုတဲ့အချက်တို့ကို အစိုးရမင်းများ၊ လက်နက်ကိုင်အဖွဲ့များက ထုတ်ဖော်ပြောကြားရင် ကောင်းမှာပဲလို့ ယူဆပါတယ်။

 















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved