ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်တဲ့ မိုးစက်ဝိုင်နဲ့ ဧရာဝတီ စကားစမြည်

Saturday, October 5, 2013

Miss Universe Myanmar 2013 ဆုရွေးချယ်မှု နောက်ဆုံး နေ့ကို အောက်တိုဘာလ ၃ ရက်နေ့ညက အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့တာမှာ နှစ်ပေါင်း ၅၀ ကျော်အတွင် ပထမဆုံး ပြိုင်ပွဲမှာ သရဖူဆောင်ခဲ့တဲ့ မိုးစက်ဝိုင်က ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်ပါတယ်တဲ့။ 

 မိုးစက်ဝိုင်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

၁၉၆၁ ခုနှစ်က စပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့တာ ၅၂ နှစ် ကြာ ပြီးနောက် အခုတော့ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမယ့်သူက မိုးစက်ဝိုင်ဖြစ်လာပါပြီ။

၂၀၁၃ ခုနှစ် ရုရှားနိုင်ငံမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် မယ်စကြ၀ဠာပြိုင်ပွဲမှာ မိုးစက်ဝိုင် က မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမှာ ဖြစ်ပေမယ့် အဲဒီ ယှဉ်ပြိုင်ပွဲမှာ ရေးကူးဝတ်စုံ ၀တ်ပြီး ပြိုင်ရမယ့် အဆင့် တခု ရှိပါတယ်။ 

ဒီအဆင့်နဲ့ပတ်သက်ပြီး သူက ရှက်တယ်လို့ ဆိုထားပါတယ်။ 

နိုင်ငံခြားမှာ ပညာသင်ပြီး ပြန်လာတဲ့ အသက် ၂၅ နှစ်ရှိ မိုးစက်ဝိုင်ကို ဧရာဝတီ အနုပညာသတင်းထောက် 
မြတ်သူအောင် က မေးမြန်းခန်းမှာ သူ ဘာတွေ ပြောထားလဲ ဆိုတာ သိချင်ရင်တော့ ရေကူးဝတ်စုံ ၀တ်ရမှာ ရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင် ဆိုတဲ့ အင်တာဗျူးကဏ္ဍမှာ အပြည့်အစုံ ဖော်ပြ ထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved