လိုင်ဇာ တိုင်းရင်းသား ထိပ်သီးညီလာခံကို ဦးသိန်းစိန် သ၀ဏ်လွှာပို့

Wednesday, October 30, 2013

ကချင်ပြည်နယ် လိုင်ဇာ မှာ ဒီကနေ့ စတင်ကျင်းပတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ထိပ်သီးညီလာခံကို သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့လိုက်ပါတယ်။ 

ယနေ့ စတင်ကျင်းပတဲ့  လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံ (ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ)


တိုင်းရင်းသားခေါင်ဆောင်တွေရဲ့ လိုင်ဇာထိပ်သီး ညီလာခံကို ကချင်လွှတ်မြောက်ရေး တပ်မတော် KIA က ကမကထ လုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေး ပွဲတွေ လုပ်နိုင်ဖို့အတွက် ညီလာခံလည်း ဖြစ်ပါတယ်။ 

အဲဒီသ၀ဏ်လွှာကို သမ္မတရုံး ၀က်ဆိုက်က တဆင့် ကူးယူဖော်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး 
နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ 
လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ 

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် လိုင်ဇာ အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသား ညီနောင်များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင် ရန် ရည်မှန်းချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ကချင်ပြည်နယ်လိုင်ဇာတွင် အစည်း အဝေး ကျင်းပနေသည်ကို သိရှိရပါသည်။ 

အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် 
ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်း
ရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ် နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်း
ရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာ
ဖြင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါ
ကြောင်း နှင့် အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ သဝဏ်လွှာပေးပို့ လိုက် ပါသည်။ 

(ပုံ) 
သိန်းစိန် 
နိုင်ငံတော်သမ္မတ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved