မကြာခင် သီတင်းကျွတ်တော့မယ်

Friday, October 11, 2013



အောက်တိုဘာလ ( သီတင်ကျွတ်လ) ဟာ မြန်မာတို့ရဲ့ နေထူးနေ့မြတ် ကာလ ဖြစ်ပါတယ်။ သီတင်းကျွတ် ဆီးမီးထွန်း ပွဲတော်ရောက်ဖို့ အချိန်ဟာနီးကပ်လာပါပြီ။

 ဓာတ်ပုံ- အိမ့်သံစဉ်~

 မြန်မာတို့ရဲ့ ချစ်စရာ ဘာသာရေး ဓလေ့ကျင်းပတဲ့ ပွဲတော်တခုဖြစ်သလို့ လူကြီးသူမတွေ၊ သင် ဆရာ၊ မြင် ဆရာတွေကို ဦးခိုက် ကန့်တော့ပန်းဆင်တဲ့ မြန်မာ့ ရိုးရာ ဓလေ့ ပွဲတော်တခုဆိုလဲ မမှားပါဘူး။

 သီတင်းကျွတ် ကာလမှာ မိဘ ဘိုးဘွာတွေ ဆရာသမား သက်ကြီး ရွယ်အိုတွေကို ရိုသေစွာ ကန်တော့တာ ဟာဆိုရင် အလွန်ချစ်စရာ မွန်မြတ်ကောင်းမွန်တဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ရဲ့ မွန်မြတ်တဲ့ ဘုရား၊ကျောင်းကန် အစ ရှိတဲ့ နေရာတွေမှာလဲ ဆီမီးတစ်တောင်၊ပန်းမြတ်၊ ရေချမ်း အစရှိတာတွေနဲ့ ပူဇော်ပွဲတွေ ပြုလုပ်ကြတာကိုက အလွန်းကောင်းမွန်တဲ့ ကြည်နူးစရာတခုပဲဖြစ်ပါတယ်။

 ကလေး လူငယ်တွေကအစ ပူဇော်ပွဲမှာပါ ပါဝင်ဆင်နွဲကြပါတယ်။ ဒီ ကာလ ရက်မြတ်ဟာ အလွန် ကြည်းနူ စရာကောင်းသလို ကလေးတွေအတွက်လဲ မီးထွန်းပွဲတော်နဲအတူ ပျော်စရာ ကစားပွဲတော်တွေ လဲ ပြုလုပ် ကျင်းပပေးကြပါတယ်။

 ငယ်စဉ်က စာရေးသူကိုယ်တိုင်လဲ သီတင်ကျွတ်တော့မယ် ဆိုရင် အလွန် ၀မ်းသာကြည်နူးခဲ့ဖူးပါတယ်။ မိဘ၊ ဆရာသမားများကို ဦးခိုက် ပူဇော်ရတာ၊ မီးပုံလေးတွေကိုလဲ ထွန်းညှိပူဇော်ရတဲ့အတွက် အလွန် ၀မ်းသာ ကြည် နူးခဲ့ရဖူးပါတယ်။ ကလေးငယ်များသာမကသီတင်းကျွတ်ပွဲတော်ကို ပျော်ရွှင်စွာစောင့်ဆိုင်း  
နေသူများထဲတွင် လက်ထပ် မင်္ဂလာပွဲ ကျင်း ပရန် ပြင်ဆင်နေကြတဲ့ ချစ်သူ ရည်းစားမောင်နှံတွေလည်း ပါဝင်ပါတယ်။ 

သူတို့တွေအတွက် မကြာခင် သီတင်းကျွတ် တော့မယ်ဆိုတဲ့ သီချင်းတပုဒ်ကို အမှတ်ရနိုင်မယ် ထင်ပါ တယ်။ ၀ါလကင်းလွတ် သီတင်းကျွတ်ဆိုတဲ့အတိုင်း မိုးကုန်လို့ ကောင်းကင်မှာလည်း တိမ်လွှာ ကင်းစင်ပြီး ရာသီဥတုကလည်း အေးချမ်း သာယာလှပ လာပါတယ်။ 

သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရခြင်းက အများသိတဲ့အတိုင်း ဗုဒ္ဓမြတ်စွာ ဘုရားရှင်က အရင် ဘ၀များစွာက တော်စပ်ခဲ့ဖူးတဲ့ မယ်တော် “သန္တုဿိတ” နတ်သားအမှူး ပြုတဲ့ နတ်ဒေ၀ါ အပေါင်းကို ၀ါးတွင်း ၃ လကာလ ပတ်လုံး တာဝတိသာ နတ်ပြည်မှာ အဘိဓမ္မာ တရားမြတ်ကို ဟောကြားပေးခဲ့ပြီး လူ့ ပြည်ရွှာကို ပြန်လည် ကြွမြန်းလာချိန်မှာ ဘုရှားရှင်ကို ကြည်ညိုသူတွေက ဆီးမီး၊ နံ့သာတွေ၊ ပန်းမာလာတွေနဲ့ ဖူးမြှော်ကြည်ညိုရာက အခုလို ဓလေ့ စတင် ခဲ့တာပါ။

 မြန်မာ လမြတ် ၁၂ ခုတွင် သီတင်းကျွတ်လသည် ထူးမြတ်သည့် အခါသမယများစွာ ရှိလို့ ပြောစရာတွေ၊   ရေးစရာ တွေက မကုန်နိုင်အောင်ပါဘဲ။ 

အိမ့်သံစဉ် ~~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved