ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု OPCW က ရရှိသွား

Friday, October 11, 2013

ယခုနှစ်အတွက် ကမ္ဘာနိုဗဲလ်ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက်များ တားဆီးကာကွယ်ရေးအဖွဲ့ ( OPCW) က ဓာတုလက် နက်များ ဖယ်ရှားရေး ကျယ်ကျယ်ပြန့်ပြန် ကြိုးစားခဲ့မှုအတွက် ဆွတ်ခူးရရှိသွားပါတယ်။ 



နိုဗဲလ် ငြိမ်းချမ်းရေးပေးရေး ဘုတ်အဖွဲ့က အခု မိနစ်ပိုင်းလေးမှာ ကြေညာသွားတာကတော့ “The Nobel Peace Prize 2013 was awarded to Organization for the Prohibition of Chemical Weapons "for its extensive efforts to eliminate chemical weapons"." ဆိုပြီး ထုတ်ပြန်ကြေညာသွားတာပါ။ 


နိုဗဲလ် ငြိမ်းချမ်းရေးဆုကို ၁၉၀၁ ခုနှစ်ကတည်းက နှစ်စဉ် စတင်ပေးအပ်ခဲ့တာဖြစ်ပြီး  နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို လူပုဂ္ဂိုလ်အရမဟုတ်ဘဲ အဖွဲ့အစည်းတခုအနေနဲ့ရသွားတာလည်းဖြစ်သလို ၉၄ ကြိမ် မြောက် နိုဗဲလ် ငြိမ်းချမ်းရေးဆုလည်းဖြစ်ပါတယ်။ 



ဒီဆုကို အခုလို  OPCW အဖွဲ့ကို ပေးအပ်လိုက်တာဟာ မကြာသေးမီက ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက် အသုံးပြုမှုဆိုင်ရာ ကိစ္စအပေါ် တကမ္ဘာလုံးက အထူးအလေးပေးခဲ့ပြီး ဆီးရီးယားအရေး အာရုံထားမှု ပိုလာ တာကြောင့်ဖြစ်တယ်လို့ နိုင်ငံတကာ ရုပ်/သံတွေက ဝေဖန်သုံးသပ်နေကြပါပြီ။

မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်လည်း နိုဗဲလ်ငြိမ်းချမ်းရေးဆု လျာထားအမည်တင်သွင်းခံထားရတဲ့အထဲ ပါဝင်ခဲ့ပါတယ်။ 


 
 အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved