ဗုံးကိစ္စ KNU အောက်ခြေတချို့ပတ်သက်နေဟု ပဒို မန်းငြိမ်းမောင်ပြော

Monday, October 21, 2013

ကရင်အမျိုးသား အစည်းအရုံး KNU က လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်နဲ့ မြို့တချို့က ဗုံးပေါက်ကွဲ မှုတွေ၊ ဗုံးတွေ့ရှိမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေ KNU တချို့ပါဝင်ပတ်သက်နေတဲ့အကြောင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ 

 သတင်းစာရှင်းလင်းပွဲတွင်တွေ့ရတဲ့ ပဒို မန်းငြိမ်းမောင်၊ ဓာတ်ပုံ- Nyo Ohn Myint

ပဒို မန်းငြိမ်းအောင်က အခုလုပ်တဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးအရ ကြီးမားတဲ့ ရည်ရွယ်ချက်ပါ ရှိပြီး မွတ်စလင်တို့ရဲ့ အိဒ်နေ့မှာ ရွှေတိဂုံဘုရားမှာလည်း ဖောက်ခွဲဖို့ ကြံစဉ်ကာ ဘာသာရေး၊ လူမျိုးရေး အဓိကရိုဏ်းတွေ ပိုဖြစ်လာစေမယ့် အကြံအစဉ်ပါ ရှိတယ်လို့ ပြောဆိုသွားပါတယ်။ 

မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်သွားတဲ့ ပဒိုမန်းငြိမ်းမောင်ရဲ့ သတင်းစာ ရှင်းလင်းပွဲကို ဧရာဝတီ က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

  

အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved