ဥရောပသမဂ္ဂရဲ့ လူ့အခွင့်အရေး Sakharov ဆု မာလာလာ ရရှိ

Thursday, October 10, 2013

ဥရောပ ပါလီမန်က ပေးတဲ့ ယခုနှစ် အတွက် Sakharov လူ့အခွင့်အရေးဆု ကို ပါကစ္စတန်နိုင်ငံက ဆယ်ကျော်သက် မာလာလာ က Freedom of Thought အတွက် ရရှိသွားပါတယ်။ 

 မာလာလာ၊ ဓာတ်ပုံ- The Telegraph

မာလာလာဆိုတာ ပါကစ္စတန်နိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီး အခွင့်အရေးတိုက်ပွဲဝင်ခဲ့လို့ တာလီဘန်တွေက သေနတ်နဲ့ ပတ်ခတ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်ရှင်လာသူလေးပါ။ 

သူဟာ ဆယ်ကျော်သက် အမျိုးသမီး ငယ်လေး ဖြစ်လင့်ကား သူ့ရဲ့ ရဲစွမ်းသတ္တိက အံ့မခန်း ဖြစ်ပါတယ်။ 

ယနေ့ခေတ်မှာ မာလာလာလို လူငယ်တွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်ချက်တွေ ရှိတယ်ဆို တာ ကမ္ဘာကို သိခွင့်ရှိစေဖို့ အခုလို ဒီ Sakharov ဆုအတွက် မာလာလာကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဥရောပ ပြည်သူ့ပါတီ (EPP) ရဲ့ ဥက္ကဋ္ဌ Joseph Daul က အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။ 

အခု Sakharov ဆုဟာ ယူရို ယူရို ၅ ထောင် ( အမေရိကန် ဒေါ်လာ ခြောက်ထောင်ကျော်) ဆုကြေးပါ ပါဝင်တာ  ဖြစ်ပြီး မြန်မာနိုင်ငံက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မန်ဒဲလားတို့လည်း အရင်က ရခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ Sakharov ဆုရခဲ့စဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရချိန်ဖြစ်လို့ အခု လာမယ့် မာလာလာကို ဒီဆုပေးအပ်တဲ့ ဆုပေးပွဲမှာ တခါတည်း လူကိုယ်တိုင် ဆုကို လက်ခံယူဖို့ ရှိပါတယ်။ 

Sakharov ဆုရှင် အသက် ၁၆ နှစ်အရွယ် မာလာလာ ဟာ ၂၀၁၃ ခုနှစ်၊ ကမ္ဘာ့နိုဗဲလ်ငြိမ်းချမ်းရေးဆု အတွက်လည်း အမည် စာရင်းတင်သွင်း ခံထားတာဖြစ်ပြီး မကြာခင် အချိန်ပိုင်းမှာ နိုဗဲလ်ငြိမ်းချမ်းဆု
ကြေညာရင်တော့ မာလာလာ ရမယ်၊ မရဘူးဆိုတာ သိရပါ တော့မယ်။ 

အိမ့်သံစဉ် ~
(မှတ်ချက် -  ဒေါ်လာ ၆ သောင်းခွဲ ကို ဒေါ်လာ ခြောက်ထောင်ကျော် လို့ ပြင်လိုက်ပါတယ်)

1 comments :

  1. Anonymous said... :

    ယူရို ၅ ထောင် က ( အမေရိကန် ဒေါ်လာ ၆ သောင်းခွဲ) ဟုတ်လား ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved