မိုးစက်ဝိုင် အပြန်ခရီးနဲ့ တီးတိုးစကားတချို့

Monday, November 11, 2013


ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပတဲ့ Miss Universe 2013 မယ်စင်္ကြ၀ဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့တဲ့ မိုးစက်ဝိုင်က ဒီကနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပြန်ရောက်လာပါပြီ။ 

ရန်ကုန်လေဆိပ်ရောက် မိုးစက်ဝိုင်၊ ဓာတ်ပုံ-Miss Myanmar Universe

မိုးစက်ဝိုင်ကို ချစ်ခင်သူတွေ မျှော်လင့်ထားသလို အွန်လိုင်းက မဲပေးမှုကြောင့် ရတဲ့ People Choice Award နဲ့လည်း လွဲချော်ခဲ့သလို ဇကာတင် ၁၆ ဦးစာရင်းလည်း မပါဝင်ခဲ့ပါဘူး။ 

ဒါပေမယ့် မိုးစက်ဝိုင်ရဲ့ ပရိသတ်ကတော့ မိုးစက်ဝိုင်ဟာ ကမ္ဘာ့စင်မြင့်မှာ မြန်မာလို့ သိစေခဲ့သူအဖြစ် အခု ထက်တိုင် ရင်ထဲ ရှိနေကြပါလိမ့်မယ်။ 

တဖက်ကလည်း မိုးစက်ဝိုင်က Miss Universe Myanmar အဖြစ် ရွေးချယ်ခံရစဉ်ကတည်း က မြန်မာ ပရိသတ်ကို ရိုက်ခတ် စေခဲ့သူပါ။ မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး အွန်လိုင်း လူမှုကွန်ရက်တွေမှာပါ အမျိုးမျိုး 
ပြောဆိုဝေဖန် ခဲ့ကြတယ်။

နိုဝင်ဘာလ ၉ ရက်နေ့က နောက်ဆုံး ဖိုင်နယ်ထိ အားပေးသူတွေ ရှိနေသေးသလို ဝေဖန်သူတွေလည်း ရှိနေသေး ပါတယ်။ 

မိုးစက်ဝိုင်ကို ဝေဖန်မှုအများဆုံး စတင်ဖြစ်စေခဲ့တာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးနဲ့ လူမြင်ကွင်း မှာ အတူတွေ့လိုက်ကြလို့ပါ။ 

နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်နဲ့အတူ တက္ကသိုလ်များဘောလုံး ချံပီယံ ကွင်းဖွင့်ပွဲမှာ တန် ဘိုး အလွန်ကြီးတဲ့ ပြိုင် ကား စီး၊ ဆုဖလား သယ်ဆောင်လာတဲ့ မြင်ကွင်း ဓာတ်ပုံတွေက မြန်မာစာဖတ်ပရိသတ် ကို အဓိက လှုံ့ဆော်လိုက်ကြ ပြီး နောက်ပိုင်း မြန်မာနိုင်ငံသား တရုတ်သွေးပါသူတဦးဖြစ်တယ်ဆိုတာကို Miss Myanmar Universe အဖွဲ့က ပြောခွင့်ရသူက စိုးရိမ်လွန်ပြီး ငြင်းကွယ်ခဲ့ပါတယ်။ 

ဒါပေမယ့် နောက်ပိုင်းမှာ သူဟာ ရှမ်း၊ ဗမာ၊ တရုတ်ဆိုပြီး ပြောဆို ၀န်ခံလာပါတယ်။ ဒါပေမယ့် သူ့ အပေါ် 
ဝေဖန်ငြင်းခုန်မှုတွေကတော့ မပြီးသွားခဲ့ပဲ ယနေ့တိုင် ရှိနေဆဲပါ။ 

ရန်ကုန်မြို့ မျက်စေ့ကြီးနားကြီးတဲ့ အသိုင်းအ၀ိုင်း အကြားမှာတော့ မိုးစက်ဝိုင်ဟာ ဖိုးလပြည့် နဲ့ မပတ် သက်ဘူးလို့ ပြောသူတွေရှိသလို၊ ပတ်သက်တယ်လို့ ဝေဖန်မှုတွေလည်း ညံနေဆဲပါ။ ဒါတွေကလည်း အတည်ပြုဖို့ ခဲယဉ်းလှပါတယ်။

မိုးစက်ဝိုင်က အခု မြန်မာပြည် အပြန်ခရီးမှာ ဘာ ဆုတံဆိပ်တွေကိုမှ သယ်ဆောင်မလာနိုင်ခဲ့ပေ မယ့် မြန်မာနိုင်ငံသားတွေနဲ့အတူ လူမှုရေး လုပ်ငန်းတွေကို အတူလုပ်ကိုင်သွားမယ်လို့ သူ့ ဖေ့စ်ဘုတ် မှာ အခုလို ရေးထားပါတယ်။


မိုးစက် အနေနဲ့လည်း အမိနိုင်ငံတော်ကြီးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် ကြိုးစားခဲ့ပေမယ့် ...
မျှော်လင့်ခဲ့တဲ့ ဆုများ မိုးစက်နဲ့အတူ ပြန်သယ်မလာခဲ့နိုင်တဲ့ အတွက် မိုးစက်အထူးပဲ စိတ် မကောင်းဖြစ်မိပါတယ်... 
နောက်ရက်တွေမှာ ပရိတ်သတ်ကြီး ဆန္ဒရှိမယ်ဆို.. ပြိုင်ပွဲပုံများကိုတင်ပေးပါ့မယ်နော်...
 မြန်မာပြန်ရောက်ရင် Miss Universe Myanmar အနေနဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ရင်း ပရိတ်သတ်ကြီး မိုးစက်အပေါ်ပင်ပင်ပန်းပန်းနဲ့ ကူညီပေးခဲ့တာတွေအပေါ်ပြန်လည်ပေးဆပ်သွားပါ့မယ်..
ချစ်တဲ့ Moe Z



အိမ့်သံစဉ် ~ 


.

8 comments :

  1. Anonymous said... :

    ပတ်သက်တော့ဘာဖြစ်လဲကွာ ဒီအသိုင်းဝိုင်းကလူတွေက တစ်ယောက်နဲ့တစ်ယောက်သိနေကြမှာပဲ

  1. Anonymous said... :

    ညီမရေ နောက်ဆို အနေအထိုင်ဆင်ခြင်နော် ပြိုင်ကါးတို့ ဖလားတို့ ဆိုရင် သတိထားပါ

  1. Unknown said... :

    ပြောကြတာပဲ

  1. Anonymous said... :

    What is SHAN, BURMA,CHINESE i don't understand that main ???

  1. Anonymous said... :

    ဖြစ်တတ်ပါတယ်လေ … …

  1. Anonymous said... :

    Moe Z is the one who knows the best about the real story (inside story) and the areas to be improved. To me, she is an invaluable good citizen who tried her best to represent our country and she is really dutiful. She serves the country with the great honour and I hope when the time has come, she will tell what she has to tell. She committed a lot and sacrificed a lot for Myanmar. Moreover, the support of Myanmar people around the world should be acknowledged and especially the whole Myanmar Diplomatic Family in Moscow and the Myanmar scholars in Moscow deserves the credit for what they have done without expecting anything in return..

  1. Anonymous said... :

    Myanmar has the unity and in the near future should be more united for the great success..

  1. Anonymous said... :

    ပြောတာလည်းမင်းပါပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved