ရုရှားနိုင်ငံ မော်စကိုမှာ ကျင်းပတဲ့ Miss Universe 2013 မယ်စင်္ကြ၀ဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့တဲ့ မိုးစက်ဝိုင်က ဒီကနေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ပြန်ရောက်လာပါပြီ။
မိုးစက်ဝိုင်ကို ချစ်ခင်သူတွေ မျှော်လင့်ထားသလို အွန်လိုင်းက မဲပေးမှုကြောင့် ရတဲ့ People Choice Award နဲ့လည်း လွဲချော်ခဲ့သလို ဇကာတင် ၁၆ ဦးစာရင်းလည်း မပါဝင်ခဲ့ပါဘူး။
ဒါပေမယ့် မိုးစက်ဝိုင်ရဲ့ ပရိသတ်ကတော့ မိုးစက်ဝိုင်ဟာ ကမ္ဘာ့စင်မြင့်မှာ မြန်မာလို့ သိစေခဲ့သူအဖြစ် အခု ထက်တိုင် ရင်ထဲ ရှိနေကြပါလိမ့်မယ်။
တဖက်ကလည်း မိုးစက်ဝိုင်က Miss Universe Myanmar အဖြစ် ရွေးချယ်ခံရစဉ်ကတည်း က မြန်မာ ပရိသတ်ကို ရိုက်ခတ် စေခဲ့သူပါ။ မိုးစက်ဝိုင်နဲ့ပတ်သက်ပြီး အွန်လိုင်း လူမှုကွန်ရက်တွေမှာပါ အမျိုးမျိုး
ပြောဆိုဝေဖန် ခဲ့ကြတယ်။
နိုဝင်ဘာလ ၉ ရက်နေ့က နောက်ဆုံး ဖိုင်နယ်ထိ အားပေးသူတွေ ရှိနေသေးသလို ဝေဖန်သူတွေလည်း ရှိနေသေး ပါတယ်။
မိုးစက်ဝိုင်ကို ဝေဖန်မှုအများဆုံး စတင်ဖြစ်စေခဲ့တာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ မြေးနဲ့ လူမြင်ကွင်း မှာ အတူတွေ့လိုက်ကြလို့ပါ။
နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်နဲ့အတူ တက္ကသိုလ်များဘောလုံး ချံပီယံ ကွင်းဖွင့်ပွဲမှာ တန် ဘိုး အလွန်ကြီးတဲ့ ပြိုင် ကား စီး၊ ဆုဖလား သယ်ဆောင်လာတဲ့ မြင်ကွင်း ဓာတ်ပုံတွေက မြန်မာစာဖတ်ပရိသတ် ကို အဓိက လှုံ့ဆော်လိုက်ကြ ပြီး နောက်ပိုင်း မြန်မာနိုင်ငံသား တရုတ်သွေးပါသူတဦးဖြစ်တယ်ဆိုတာကို Miss Myanmar Universe အဖွဲ့က ပြောခွင့်ရသူက စိုးရိမ်လွန်ပြီး ငြင်းကွယ်ခဲ့ပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာ သူဟာ ရှမ်း၊ ဗမာ၊ တရုတ်ဆိုပြီး ပြောဆို ၀န်ခံလာပါတယ်။ ဒါပေမယ့် သူ့ အပေါ်
ဝေဖန်ငြင်းခုန်မှုတွေကတော့ မပြီးသွားခဲ့ပဲ ယနေ့တိုင် ရှိနေဆဲပါ။
ရန်ကုန်မြို့ မျက်စေ့ကြီးနားကြီးတဲ့ အသိုင်းအ၀ိုင်း အကြားမှာတော့ မိုးစက်ဝိုင်ဟာ ဖိုးလပြည့် နဲ့ မပတ် သက်ဘူးလို့ ပြောသူတွေရှိသလို၊ ပတ်သက်တယ်လို့ ဝေဖန်မှုတွေလည်း ညံနေဆဲပါ။ ဒါတွေကလည်း အတည်ပြုဖို့ ခဲယဉ်းလှပါတယ်။
မိုးစက်ဝိုင်က အခု မြန်မာပြည် အပြန်ခရီးမှာ ဘာ ဆုတံဆိပ်တွေကိုမှ သယ်ဆောင်မလာနိုင်ခဲ့ပေ မယ့် မြန်မာနိုင်ငံသားတွေနဲ့အတူ လူမှုရေး လုပ်ငန်းတွေကို အတူလုပ်ကိုင်သွားမယ်လို့ သူ့ ဖေ့စ်ဘုတ် မှာ အခုလို ရေးထားပါတယ်။
ချစ်တဲ့ Moe Z
အိမ့်သံစဉ် ~
.
ပတ်သက်တော့ဘာဖြစ်လဲကွာ ဒီအသိုင်းဝိုင်းကလူတွေက တစ်ယောက်နဲ့တစ်ယောက်သိနေကြမှာပဲ